Merry Christmas 🎄(Unicode)

Start from the beginning
                                    

"ပိုပြန်ပြီ..ကို အလုပ်မသွားဖူးလား"

"သွားမှာ မသွားခင်လေး ကို့အမျိုးသမီးလေးရဲ့မျက်နှာကိုတဝကြီးကြည့်ချင်လို့လေ"

"ပိုပြန်ပြီ.... ညနေ့ပြန်လာရင်တွေ့ရမှာပဲကို"

"အယ်! ဟဲဟဲ ကို....မေ့ကိုမပြောရသေးဖူးလား?"

"ဘာကြီးလဲ?"

"ကိုအလုပ်ကိစ္စနဲ့ နိုင်ငံခြားကို ခရီးထွက်ရမယ် ဟိုကရုံးခွဲမှာ အစည်းဝေးတတ်ရမှာမို့"

"ဘယ်လောက်ကြာမှာလဲ?"

"၃ရက်"

"၃ရက်တောင်လား...အဲ့တာဆို Christmas နေ့ပြန်မရောက်ဖူးပေါ့နော်"

"အဲ့လိုဖြစ်မယ်... ဘာလို့ဆို ဟိုမှာအလုပ်ကိစ္စကအရေးကြီးတာမို့‌ပါ...ဆော့တီးပါမေ ဒီနှစ်မေနဲ့အတူမရှိပေးနိုင်တာကိုလေ"

သူပြောလိုက်သောစကားကြောင့် မေမျက်နှာလေးညှိုးသွားသည်။ သူလည်းစိတ်မကောင်းဖြစ်ရပါသည်။ ချစ်ရသူနဲ့အတူတူ Christmas ကိုဖြတ်သန်းချင်တာ သူရဲ့ဆန္ဒတခုပင်ဖြစ်သည်။
ရုတ်တရက်ဆိုသလို မေကသူအားတင်းကြပ်နေအောင်ဖက်လာသည်။သူ့ရင်ခွင်ထဲတိုးဝင်ကာ ...

"ဂရုစိုက်နော်...ပြီးတော့မြန်မြန်ပြန်လာနော်..ချစ်တယ်"

"........."

အခုကတည်းလွမ်းနေပြီ ဘယ်လိုလုပ်ရပါ့မလဲလေ။
.............................................

ကိုမရှိတဲ့ နေ့ရက်တွေက မေအတွက်အဆင်မပြေပါ။ သူမပျော်ဖူး။ ဖွားဖွားနဲ့ မေမေဆီသွားလည်း သူပျော်မလာဖူး။ ကိုကမကောင်းဖူး။ သူ့ကိုတစ်ယောက်ထဲထားခဲ့တယ်။Christmas နေ့လည်း သူတစ်ယောက်ထဲ ဒီအိမ်ကြီးထဲမှာ တစ်ယောက်ထဲဖြတ်သန်းရဦးမယ်။

"လွမ်းတယ် ကို!"
.........................................
Christmas Day🎄

နေရောင်နုနုလေးတွေနဲ့အတူ ‌ဒီနေ့မျိုးမှအအေးဓာတ်ကပိုနေသယောင် သူဆက်အိပ်၍မရတော့ပါ။ မျက်နှာသစ်ရေမိုးချိုးပြီး ထုံးစံအတိုင်း ပန်းချီဆွဲခန်းထဲတွင်သာ သူအချိန်ကုန် ရန်ဆုံးဖြတ်လိုက်တော့သည်။

Christmas နေ့ဆိုတော့ သူဒီနေ့နဲ့ပတ်သတ်တဲ့ပန်းချီကားတခုဆွဲရန်သာ တွေးလိုက်သည်။အတွေးများနှင့်အတူ စုတ်ချက်များကို ကားချပ်ပေါ်တွင်ပုံဖော်ရန် ဟန်ပြင်နေတုန်း လူခေါ်ဘလ်အသံတခု သူ့နားထဲတွင့်သဲ့သဲ့ကြားလိုက်ရသည်။ သူ့ရဲ့မသိစိတ်တနေရာထဲတွင် မျှော်နေသူများရောက်လာမလာဆိုတဲ့ မျှော်လင့်ချက်အမျှင်တန်းလေးတခုဖြစ်ခဲ့သည်။

𝓜𝔂 𝓨𝓸𝓾𝓽𝓱 𝓘𝓼 𝓨𝓸𝓾𝓻𝓼..... (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now