Part -3

2.6K 212 0
                                    


ZawGyi

'ခူးကို' တယောက်အိပ်ရာနိုးလာတော့ နာရီကိုကြည့်လိုက်တာ ၁၁နာရီထိုး အိမ်ကတိတ်ဆိတ်နေသည် အောက်ထပ်မီးဖိုးချောင်ထဲရောက်တော့ ရေခဲသေတ္တာမှာ ကပ်ထားသော စာတစောင်ကိုတွေ့လိုက်သည် ။

"သမီး မေမေအလုပ်သွားပြီ စားပွဲပေါ်မှာမနက်စားပြင်ထားခဲ့တယ် စားလိုက်အုန်း ညနေ့ကျမှတွေ့ကြမယ်"

တိတ်ဆိတ်နေသော အငွေ့သက်ကိုခံစားလိုက်ရသည် ဒါတွေဟာ 'ခူးကို' အတွက်တော့နေသားကျနေခဲ့တာကြာပြီ မေမေသည် အမြဲတမ်းအလုပ်နဲ့အချိန်ကုန်နေကြ ဒါပေမယ့်လည်းပိတ်ရက်တိုင်းတော့သူ့အတွက်အချိန်ပေးခဲ့သည်လေ သူရေမိုးချိုးပြီး မေမေပြင်ထားပေးသောမနက်စာ  မနက်စာဆိုပေမယ့် သူ့လိုလူမျိုးအတွက်တော့ နေ့လယ်စားသဖြင့်လည်း မနက်စာကိုစားပြီးနောက် ခြံထဲဆင်းခဲ့တော့သည်။ သူခြံထဲရောက်တော့ သူ့ရဲ့အကြည့်များက ဟိုဖက်ခြံကိုဉီးတည်နေခဲ့တော့သည် ။

"တီးတောင်..တီးတောင်"
"အော် ခူးကိုပဲ လာခဲ့လေ"
"ဟုတ် အဖွား နဲ့ မေ ရော ဒေါ်ကြီးမော"
"ကြီးမေက ကိစ္စတခုရှိလို့အပြင်သွားတယ် မမလေးကတော့ အပေါ်ထပ်မှာပါ "
"အော်ဟုတ် သမီးအပေါ်တက်သွားလိုက်မယ်"
"အေးအေး"
.
.
.

"ဒေါက်..ဒေါက် ..ဒေါက် ဝင်လာမယ်နော်"
"....."
"မေ ဘာလုပ်နေတာလဲဟင် "ကို" မေ့ကိုပေးစရာရှိလို့"
"...."
"မေ ကြားရဲ့လားလို့"

မေတယောက် သူပြောတာကိုကြားပါသည် အဲ့တာကြောင့်လည်း note book ထဲရေးလိုက်သည်က

(ဘာလာလုပ်တာလဲ ဘာပေးမို့လဲ)
"အော်အွန်း လာလည်တာ ​ပေးစရာရှိလို့ ရော့ မေ့အတွက်"

ဒီအကောင်ပေါက်လေးပေးမို့ဆိုတဲ့အရာက ပန်းလား အဝါရောင်နှင်းဆီပန်းလေးတပွင့်လက်ထဲထည့်ပေးရင် သူမပြောတာ အဝါရောင်နှင်းဆီတပွင့်တည်းရဲ့အဓိပ္ပာယ်ကိုသိလားတဲ့....

(မသိဖူး ဘာတဲ့လဲ)
"တကယ်မသိဖူးလား မသိရင်လည်းထားလိုက်ပါ ဒီအတိုင်းပေးချင်လို့ပေးတာ"

:အဝါရောင်နှင်းဆီတပွင့်တည်းရဲ့ အဓိပ္ပာယ်က 'သူငယ်ချင်းလုပ်ရအောင်' တဲ့...

𝓜𝔂 𝓨𝓸𝓾𝓽𝓱 𝓘𝓼 𝓨𝓸𝓾𝓻𝓼..... (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Nơi câu chuyện tồn tại. Hãy khám phá bây giờ