Part-9

2.3K 185 0
                                    

Zaw Gyi

1..April

ဒီနေ့ကမေရဲ့မွေးဖြစ်သောကြောင့် မေ​ပျော်နေမိသည်။

'ဒါနဲ့သူမွေး​နေ့ကဒီနေ့ဆိုတာဟိုအကောင်ပေါက်ကောသိရဲ့လားမသိဖူး။ ဖေဖေနဲ့မေမေမရှိတော့ကတည်းက မွေးနေ့တိုင်းကိုသူမသိချင်ယောင်ဆောင်ခဲ့ပေမယ့် ဘွားဘွားကအမြဲ cake လေးတလုံးနဲ့မွေးနေ့ပွဲလုပ်ပေးခဲ့တယ်။ ဒါပေမယ့်ဒီနှစ်တော့ သူရဲ့မွေးနေ့လေးမှာဟိုအကောင်ပေါက်လေးကိုပါအတူရှိစေချင်တယ်။

ဒါပေမယ့်သူသိပါမလား? ဒီနေ့ကသူ့မွေးနေ့ဆိုတာကိုလေ။ ပြီးတော့သူကရောဘာလို့အခုတလောအိမ်ကိုမလာရတာလဲ? ဘာတွေလုပ်နေလဲမသိဖူး။ငါ့ကိုတောင်ဂရုမစိုက်တော့ဖူး။ နေပါအုန်းငါက သူဂရုမစိုက်လို့ဝမ်းနည်းနေတာလား no noလုံးဝပဲ ရှင်းဆက်မေသတိလေးဘာလေးထားအုန်း  '
..............

"တီးတောင်...တီးတောင်...တီးတောင်..."
.
.

"အော်ခူးကိုပဲ ဝင်လေမြေးလေး"
"ဟုတ်အဖွား မေရော"
"မေ! မြေးလေးရေ ခူးကိုရောက်နေတယ်"

မေတယောက်သူမျှော်နေသောလူကရောက်လာတယ်ဆိုသောကြောင့် မီးဖိုးချောင်းထဲနေပြေးထွက်လာတော့သည်။

"​မြေးလေးခူးကို သမီးမေမေရောဟိုမှာအဆင်ပြေရဲ့လား "
"ဟုတ်ပြေပါတယ် ဒါနဲ့အဖွား ခူးကိုတောင်းပန်ပါတယ်နော် ခူးကိုဘာတွေလုပ်ခဲ့လုပ်ခဲ့စိတ်ထဲကပါလို့မဟုတ်ဖူးဆိုတာအဖွားသိထားပေးပါနော်"
"မြေးကဘာလို့တောင်းပန်နေတာလဲ မြေးဘာမှမလုပ်ဖူး အဖွားမြေးလေးကစိတ်ကောင်းရှိတာအဖွားသိတာမို့ မြေးဘာလုပ်လုပ်အဖွားခွင့်လွှတ်တယ်နော်ဒါပေမယ့် မြေးရယ် ကိုယ့်ကိုယ်ကိုမညာနဲ့ပြီးတော့မထိခိုက်စေနဲ့နော်"
"ဟုတ်အဖွား ဟိုမှာမေလာနေပြီရှူးတိုးတိုး"
"အေးပါကွယ်"
.
.
(ဘွားဘွားတို့ဘာတွေပြောနေကြတာလဲ)
"​ခူးကိုနဲ့မတွေ့ရတာကြာလို့ပါမြေးရယ်ဟိုမေးဒီမေး"
(အော်ဟုတ်)
."ကဲ မြေးတို့စကားပြောကြအုန်း အဖွားမြေးတို့စားဖို့တခုခုလုပ်ပေးမယ်"

မေနဲ့ခူးကို ပြိုင်တူခေါင်းညိမ်းပြလိုက်သည်။

"မေ ဒီနေ့ပျော်နေတဲ့ပုံပဲနော်"
(အွန်းနည်းနည်း ဒါနဲ့ဒီနေ့ကဘာနေ့လဲသိလား)
"1ရက်နေ့လေ"
(အဲတာကိုပြောတာမဟုတ်ဖူးလေ)
"အဲတာဆိုဘာကိုပြောတာလဲ"
(1ရက်နေ့အပြင်ဘာနေ့လဲလို့မေးတာ)
" 1 April Thursday လေ"
(မဟုတ်ဖူး )
"မဟုတ်လည်းမသိတော့ဖူး"
(တကယ်မသိတာလား အဲတာဆိုလည်းထားလိုက်တော့)

𝓜𝔂 𝓨𝓸𝓾𝓽𝓱 𝓘𝓼 𝓨𝓸𝓾𝓻𝓼..... (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now