Zawgyi code-
"အိမ်ကအကြီးကြီးပဲနော် ခြံကလည်းအကျယ်ကြီးကလည်းအကျယ်ကြီးပဲ ဒါနဲ့ မေမေသမီးတို့ကဒီမှာအကြာကြီးနေရမှာလား"
"ကြာမယ်ထင်တာပဲသမီးရယ်"
"အွန်းပါ သမီးလျှောက်ကြည့်လိုက်အုန်းမယ်"
"အေးအေး မေမေပစ္စည်းတွေရွှေ့လိုက်အုန်းမယ်ကွယ်"
"ဟုတ်"'ဒီအိမ်မှာအကြာကြီးနေရရင်ကောင်းမယ်ကွာ ခြံကလည်းမိုက် ဟီး"သဘောကျတယ်အရမ်းသဘောကျတယ် ဟိုဘက်ခြံလေးကလှလိုက်တာ သွားစပ်စုကြည့်ရမယ်..'
.
.
"ဟိုင်း မမ"
:
သူအသံကြားရကိုလှည့်ကြည့်လိုက်တော့
အရာရာကိုစူးစမ်းလိုစိတ်ရှိသောမျက်ဝန်းနက်လေး ပြီးတော့ လှိုင်းထသလိုဖြစ်နေတဲ့ ဆံပင်အနက်ရောင်လေးနဲ့ အသားဖြူဖြူ ဆယ်ကျော်သက်အရွယ်ကောင်မလေးတယောက် ဟိုဖက်ခြံကိုအခုမှပြောင်းလာတာဖြစ်မယ် အဲကောင်မလေးကဆက်ပြောသေးတယ်..."မမက လှတယ်"
:
'အမ်း အခုမှတွေ့တဲ့ကောင်မလေးဆီက သူဒုတိယမြောက်ကြားလိုက်တာက ဘာတဲ့ လှတယ် ဟုတ်လား'
ကလေးမကထက်ပြောသေးတယ်သူနာမည်က
"ခူးကို" သူ့ကို "ကို" လို့ခေါ်လို့ရတယ်တဲ့ နာမည်ကလည်းဘယ်လိုကြီးလဲ 'ကို' လို့တောင်လာခေါ်ခိုင်းနေတယ်.. အော်တကယ်ပါပဲ ဒီအတိုင်းဘာဆက်ပြောမလဲသိချင်လို့ သူမ ဒီအတိုင်းရပ်ကြည့်နေလိုက်တော့...."ဟွန်း မမ ကစိမ်းကားလိုက်တာ "ကို" ကဒီလောက်မိတ်ဆက်နေတာကို ဘာမှလဲမပြောဖူး"
:
မျက်စောင်းကြီးကဒိုင်းကနဲ့ရောက်လာပါရော သူလည်းဘာမှမပြောပဲ အဲနေရာလေးကနေထွက်လာခဲ့တော့တယ် သူ လူတွေနဲ့မပတ်သတ်ချင်ဖူး...**********************
"ခူးကို ...သမီးရေ အိမ်ထဲလာပြီးကိုယ့်ပစ္စည်းတွေကိုနေရာလာချအုန်း"
မေမေ အော်ခေါ်နေသောကြောင့် ခူးကို တယောက်သူ့ကိုအဖက်မလုပ်ပဲထွက်သွားတော့ မမ ကိုငေးနေရင်းကနေထွက်လာခဲ့လိုက်တော့တယ်
"လာပြီ မေမေ ""ဟူးမော်လိုက်တာ" ပစ္စည်းတွေနေရာချပြီး မောလို့ကုတင်ပေါ်လှဲနေရင်း အတွေးထဲရောက်လာတာက
နက်မှောင်နေတဲ့ဆံပင်အရှည်တွေကို ပိုင်ဆိုင်ထားပြီး အေးစက်နေတဲ့မျက်ဝန်းနက်တွေနဲ့ အရယ်အပြုံးမရှိသောမျက်နှာလေး အသားရေကဝင်းဝါပြီး ခန္ဓာကိုယ်အချိုးအစားလှပသူ ဆယ်ကျော်သက်အရွယ်ကောင်မလေး ပြီးတော့ သူထက်လည်းအသက်ကြီးမယ်ပုံပေါ်တဲ့ကောင်မလေးတယောက်
'ဟွန်း ရုပ်ကလေးကချောပြီးလှသလောက် ချေလိုက်တာမှလွန်ရော နာမည်လေးတောင်ပြောပြဖို့ ကပ်စီးနည်းလိုက်တာ '
တယောက်ထဲအတွေးထဲနစ်မြောရင်း 'ခူးကို' တယောက်အိပ်ပျော်သွားခဲ့တော့သည်။
YOU ARE READING
𝓜𝔂 𝓨𝓸𝓾𝓽𝓱 𝓘𝓼 𝓨𝓸𝓾𝓻𝓼..... (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)
Romanceဤဇာတ်လမ်းလေးက ရိုးရှင်းပါတယ်လေ... မေ ဆိုတဲ့ ကျွန်မရဲ့ ငယ်ရွယ်ချိန်တွေဟာခြောက်သွေ့နေတယ် ထိုအရာကိုစိမ်းလန်းစေမဲ့အရာဆိုတာမရှိခဲ့ပါဘူး... တစ်နေ့ပေါ့ ....တစ်နေ့မှာ သူကို့ "ကို" လို့ခေါ်ပါဆိုသည့်ကောင်မလေး ကျွန်မရဲ့ ငယ်ရွယ်ချိန်တို့၏ဖြစ်တည်မှု ....ခူးကိုနဲ...