" ဆင်ပေါက် မင်းက အဲ့တာ ဘယ်သွားမလို့ပြင်နေတာလဲ "

" အော် သူငယ်ချင်းတစ်ယောက်နဲ့ အပြင်သွားမလို့လေ...၊ မင်းရော လိုက်ခဲ့ပါ့လား..၊ ငါ သူနဲ့မင်းကို မိတ်ဆက်ပေးမယ်လေ "

အဝတ်သေတ္တာထဲကနေ အင်္ကျီရွေးနေတဲ့ဆင်ပေါက်ကို စကားသာလှမ်းပြောတာ ကျုပ်ကိုမကြည့်ဘူးဗျ။ ကျုပ်မှာတော့ သူ့ကိုတွေ့ရအောင်ဆိုပြီး ရတဲ့ကားစီးပြီး တစ်မြို့နဲ့တစ်မြို့ကို နေ့ချင်းပြန်သွားနေရတာလေ။

" ကျစ်! မင်းက မဟုတ်သေးပါဘူး...၊ အဲ့အကောင်အကြောင်းကို မင်း ငါ့ကို တခါမှမပြောဖူးပါဘူး "

" အဲ့လိုမဟုတ်ပါဘူး...၊ ဒီတိုင်း စကားမစပ်မိလို့ မပြောမိတာပါ "

" အဲ့ကောင်နဲ့ ဘယ်တုန်းကတည်းကသိတာလဲ "

" ငါ ကျောင်းစတက်တော့သိတာလေ..၊ သူနဲ့ငါက ဝါသနာလည်းတူတယ်.... အကျင့်စရိုက်လည်း တူတယ်လေ "

ကျုပ်ရှေ့မှာ အခြားတစ်ယောက်အကြောင်းကို ထမင်းစားရေသောက်ပြောနေတဲ့ဆင်ပေါက်က တော်တော်သတ္တိရှိနေတာပဲ။ ကျုပ်မျက်နှာကို လှည့်ကြည့်လိုက်ရင် အဲ့ဆင်ပေါက် ဆက်ပြီးပြောရဲမလားကြည့်ရသေးတာပေါ့။ ကျုပ်မျက်နှာမှာ ဒေါသတွေကထိန်းမရအောင်ပေါ်လွင်နေမှန်း ဘယ်သူမှလာမပြောရင်တောင် ကျုပ်သိတယ်။ ဒါပေမဲ့ ဒင်းက ကျုပ်ကိုမကြည့်ဘဲ အဝတ်အစားပဲဆက်ရွေးနေသည်။

" မင်း အရင်ကလည်း အခုလိုသွားတာပဲလား... "

" အင်းလေ.. ဘာလို့လဲ "

" နှစ်ယောက်တည်းလား "

" အွန်း..၊ ငါ့မှာ သူငယ်ချင်းဆိုလို့သူပဲရှိတာလေ "

ကျွန်တော်လည်း ချိန်းထားတဲ့အချိန်နီးပြီမို့ အလောကြီးနေလို့ တေလွန်းကိုမကြည့်မိပေ။ ရှာနေတဲ့အင်္ကျီကိုတွေ့ပြီဆိုမှပဲ တေလွန်းဘက်ကို စကားလှည့်ပြောလိုက်သည်။

" မင်း လိုက်ခဲ့မယ်မ..လား "

ကျုပ်ကို အခုမှလှည့်ကြည့်တဲ့ဆင်ပေါက်ဆိုတဲ့အူကြောင်ကြောင်ကောင်။

" မင်းမျက်နှာက ဘာဖြစ်နေတာတုန်း... "

လူသတ်တော့မဲ့ရုပ်နဲ့ဒေါသထွက်နေတဲ့တေလွန်း​က ဘာကိုဒေါသထွက်နေတာလဲ။ အစောက ဒီလိုမှမဟုတ်တာ။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now