" မင်္ဂလာပါ ကုန်းကုန်း"

စူးမီ သူ့ကိုနှုတ်ဆက်လိုက်သည်။ 

စူးမီ ကိုယ်လေးယို့ကာအရိုအသေပေးတော့မဲ့အချိန်တွင် ဖုန့်ပေါင်ကမန်းကတန်းသူမအရှေ့ကရှောင်လိုက်သည်။ 

" မိန်းကလေးစူး ဒီလိုအပြုအမူမျိုးနဲ့ကျွန်တော်မထိုက်တန်ပါဘူး ခင်ဗျာ"

သူမကချင်ယန်နဲ့လက်ထပ်တော့မှာကို သူဆိုလိုမှန်း စူးမီသဘောပေါက်လိုက်တာကြောင့် မျက်နှာပေါ်မှာရှက်သွေးဖျော့ဖျော့လေးပေါ်လာပေမဲ့ ကံကောင်းစွာနဲ့ အလွန်ဖျော့တော့‌ရာ လျင်မြန်စွာပြန်ပျောက်ကွယ်သွားသည်။ 

" မိန်းကလေးစူး ကျေးဇူးပြုပြီးကျွန်တော့်နောက်ကလိုက်ခဲ့ပါ"

ဖုန့်ပေါင် စူးမီကိုဦးဆောင်ကာ နန်းတော်တံတိုင်းတစ်လျှောက်မှ ညာဘက်ထောင့်သို့ခေါ်ဆောင်လာကာ ထောင့်ချိုးလိုက်တော့ ချင်ယန်အသုံးပြုနေကျဒေါင်ကောင်းတဲ့မြင်းနှစ်ကောင်ကတဲ့ ရထားလုံးနဲ့တထေရာတည်းတူတဲ့ ရထားလုံးနှစ်လုံးကိုမြင်လိုက်သည်။ ဒီနေရာသည်ရွှင်ကျန်းဂိတ်နဲ့သိပ်မဝေးပေမဲ့ ထောင့်ချိုးအကွယ်ကြောင့် သတိမထားသ၍ ဒီနေရာမှသစ်ပင်အောက်ကလှုပ်ရှားမှုကို ဘယ်သူမှသတိပြုမိမှာမဟုတ်ပေ။ 

ဖုန့်ပေါင်ရဲ့ဦးတည်ရာသည်သိသာပြီး ဘယ်ဘက်ရထားလုံးဆီဦးတည်နေကာ စူးမီသူ့အနောက်ကလိုက်ပြီး လမ်းလျှောက်ရင်းညာဘက်ကရထားလုံးဆီကြည့်လိုက်သည်။ ဒီနေရာမှာရထားလုံးနှစ်ခုရှိနေမှတော့ ချင်ယန်ကဟိုဘက်ကရထားလုံးထဲမှာထိုင်နေတာလား? အခုသူရထားလုံးထဲမှာရှိနေတာလား? မနေ့ကအဖြစ်အပျက်သည် အိပ်မက်တစ်ခုလိုပင်။ ချင်ယန်ကိုတွေ့ခဲ့သည်ကနေအဆုံးအထိ သူမတစ်ညလုံးတွေးနေခဲ့ပေမဲ့ ထင်ရှားလာတာကတော့ ကျန်းယွဲ့အာရဲ့စကားတွေပင်။ 

ဒါကအချစ်များလား? သူမသာသူ့ကိုမတွေ့ရတော့ဘူးဆိုရင် သူ့ကိုသတိရနေပေလိမ့်မည်။ သူမသူ့ကိုတွေ့တဲ့အချိန်ဆို သူမနှလုံးသားကအရူးအမူးခုန်ပေါက်နေပေမည်။ ဖြစ်နိုင်တာက အချစ်ပဲထင်ပါရဲ့။ ဝတ္ထုစာအုပ်ထဲမှာ တော်ဝင်မိန်းမပျိုသည်ဆင်းရဲနွမ်းပါးတဲ့ပညာသင်သားကို တွေ့ဆုံတဲ့အခါ ဒီလိုခံစားချက်မျိုးဖြစ်တဲ့ပုံပင်။ ဒါပေမဲ့ သူမသူ့ကိုကြောက်တာအသိသာကြီးဖြစ်တာကြောင့် သူမသူ့ကို‌ကြိုက်တာလား မကြိုက်တာလား။ သူကသူမရဲ့ကျေးဇူးရှင်တစ်ယောက်ဖြစ်တာကြောင့် သဘောကျမိတာလား ဒါမှမဟုတ်...... 

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Waar verhalen tot leven komen. Ontdek het nu