"အဲ့တာငါ့ကိစ္စပါ နင့်ပုံစံကိုနင်အရင်ပြန်ကြည့်စမ်း ရှိုင်းထက်ပိုင် မျက်ကွင်းတွေညိုမဲနေပြီ နင်အိမ်ကောပြန်ရဲ့လား"

ကိုယ့်မယ် ကိုယ့်အာရုံနဲ့ကိုယ်မို့ သူ့ကိုရက်အနည်းငယ်လောက်အဆက်အသွယ်မလုပ်မိတာ ချက်ချင်းဆိုသလို ဖြစ်ပျက်နေသည့်ပုံစံက။

"မဟုတ်မှ နင် ဆေးပြန်သုံးနေတာလား ရှိုင်းထက်ပိုင် ငါ့ကိုပြောစမ်း"

"ဘယ်လိုဖြစ်နေတာလဲ ဒဏ္ဏာရီရာ ငါ့ကိုနင်ကပါအပြစ်တွေလာမပြောစမ်းပါနဲ့လား။ နင်ပါငါ့ကိုအခုလိုတွေလုပ်ရင် ငါတကယ်အဲ့ထွက်ပေါက်ကိုပြန်လုပ်မိလိမ့်မယ်"

"စိတ်ပူလို့ပြောနေတာလေ နင်ကိုငါ့မောင်တစ်ယောက်လိုသဘောထားတာ နင်သိတယ်နော် အရင်တစ်ခေါက် ငါကိုယ်တိုင်နင့်ကိုအဲ့တွင်းထဲကဆွဲထုတ်ထားရတာ ထပ်ပြီးမိုက်မှာဆိုးလို့ငါပြောနေရတာ"

ကိုယ့်မှာ သူ့ကို အကူအညီတောင်းဖို့လိုက်ရှာကာမှ တစ်ဦးတည်းသော မောင်လိုချစ်ခင်ရသည့်သူငယ်ချင်း၏စုတ်ပြတ်နေသည့်ပုံစံအားကြည့်ကာပိုကာရင်မောရသည့်အဖြစ်။ ဒါကလဲ ထက်ပိုင်တို့၏ မိသားစုနှင့်ပဲသက်ဆိုင်သည်။ သူကဘေးလူဖြစ်နေ၍ဝင်ပြောလို့မရနိုင်။

"ငါဘာမှမဖြစ်ဘူး နင်ထင်နေသလိုလဲမဟုတ်ဘူးရပြီလား။ ဒီတိုင်းအိပ်ရေးပျက်လို့ နင်စိတ်ပူနေတဲ့ကိစ္စကိုငါထပ်မလုပ်ဘူးလို့ငါကတိပေးခဲ့ပြီးပြီလေ ငါအဲ့လောက်ထိမရူးသေးဘူး"

မယုံချင်ပေမဲ့လဲ သူပေးထားသည့်ကတိကိုသူတည်မည်ဆိုတာတော့ သူယုံသည်။ ထက်ပိုင်က သူပြောတဲ့စကားတစ်ခုကိုတော့သူတည်သည်လေ။

"အခုပြော ဘာကိစ္စနဲ့ဒီထိရောက်လာတာလဲ ဆူဖို့ဆိုရင်တော့ လာရာလမ်းအတိုင်းပြန်နော်"

ထိုမှသာ သူ့အပေါ်အင်္ကျီထဲ၌ထည့်ထားသော သူနှင့်Nowl ၏ဓာက်ပုံကိုထုတ်ပြကာ သူစိတ်ထဲမတင်မကျဖြစ်နေသည့်ပြဿနာမှစ၍ တစ်ခုခြင်းအကြောင်းစုံပြောပြလိုက်ပါသည်။ ထက်ပိုင်အားအကူအညီတောင်း၍လဲ Nowl အလုပ်လုပ်သည့်နေရာသို့ Nowl ရှိနေမည်လားဟု လှန်းမေးတော့လဲ Nowl အလုပ်မလာသည်ကား တစ်ပတ်ရှိပြီဖြစ်ကြောင်း။ Nowl တို့လို VVIP တွေနှင့်သာအလုပ်လုပ်ရသည့်သူအတွက် info မပေးနိုင်ကြောင်းပြော၍ သူတို့မှာ ဘာမှသေချာမသိရ။ ထိုဓာက်ပုံသူမစီရောက်လာသည်ကားလဲ တစ်ပတ်ရှိပြီဖြစ်ရာ ဧကန်န သူတစ်ခုခုဖြစ်နေပြီလားဟူ၍ တွေးမိသွား၍ စိတ်ပူမိသွားရသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now