"သမီး ကိုယ့်အဖေကိုဘယ်လိုပြောလိုက်တာလဲ သမီးဒယ်ဒီကသူမသိလို့မေးတာနေမှာပါသမီးရဲ့"

"မင်းသမီးဒီရက်ပိုင်း ငါ့စကားတွေကို ကလန်ကဆန်လုပ်တက်လာတာ မင်းထိန်းမလား"

သူမစိတ်ငြီးငြူစွာဖြင့် သက်ပြင်းခတ်ဆက်ဆက်ချမိသည်။ သူမကိုယ်တိုင်လဲ ဒီရက်ပိုင်းဘာဖြစ်နေမှန်းမသိခဲ့။ စိတ်ထဲဘာကိုအလိုကျနေမှန်းမသိခဲ့။ ထိုိတ်အခြေအနေက လွန်ခဲ့တဲ့တစ်ပတ် သူမဆီသို့ သူမနဲ့ Nowl ရဲ့ ဓာက်ပုံတစ်ပုံနှင့်အတူ သတိပေးစာတစ်စောင်ရောက်လာ၍ဟုပြောရင် ပတ်သက်နေမလား။ သတိပေးစာထဲ Nowl နှင့်ခပ်ကင်းကင်းနေရန်အပြင် Nowl အကြောင်းမသိရင်ရှေ့ဆက်မတိုးချင်ပါနဲ့ဟူ၍သတိပေးထားသည့်စာ။ သို့သော် သူမကဘာအကြောင်းကြောင့် ထိုသို့လုပ်ရမည်နည်း။ သူမနှင့် nowl ၏ပတ်သက်မှုကလဲ သူငယ်ချင်းအဆင့်သာသာ။ ဤသည်ကိုထိုသို့စာတစ်စောင်ရောက်လာရသည်။ သူမကကော Nowl နှင့်ပတ်သက်၍ဘာကိုသိရမည်နည်း။

သူသိသော Nowl က အဖေတစ်ခုသမီးတစ်ခုနှင့် သူ့အလုပ်ကိုသူလုပ်နေသူမိန်းခလေးတစ်ယောက်။ သူမကိုသာဒုက္ခပေးချင်နေလျှင် နီးနီးကပ်ကပ်ရှိနေသည့်အချိန် ဘာမဆိုလုပ်လို့ရသည့်အနေအထား။ ဒါကိုသူမကဘာများသတိထားရမည်နည်း။ ထို့ကိစ္စကြောင့် စုံစမ်းကြည့်တော့ဘာအချက်အလက်မှထွက်မလာ Nowl ပြောပြသည့်အကြောင်းအရင်းများသာသူတွေ့ရသည်။ စိတ်ထဲဘဝင်မကျမှုများကထိုအချိန်မှစလေသည်။ Nowl ဖုံးကွယ်ထားသော အကြောင်းအရင်းများရှိနေခဲ့သည်လားသူမအပေါ်မှာ။ သို့ပေမဲ့ ကာရကံရှင်ကိုယ်တိုင်ကထုတ်မပြောသည့်ကိစ္စကို သူမကဘာအကြောင်းပြချက်ဖြင့်မေးရမည်နည်း။ နောက်ကွယ်ကနေစုံစမ်းရမည်နည်း။

"မာမီတို့အိမ်အရင်ပြန်နှင့်ကျပါ မိုင်း ကုမ္ပဏီကို ပြန်စရာကိစ္စလေးပေါ်လာလို့"

"အဝတ်အစားမလဲတော့ဘူးလား မိုင်းလေး"

"ဟုတ် အရေးကြီးလို့ပါမာမီ"

မိုင်း ထွက်သွားတော့ မိုင်း၏မိခင်က သူ၏ခင်ပွန်းအား သူမတို့သမီးအား တအားအလုပ်မခိုင်းရန် တောင်းဆိုနေခဲ့သည်။

ဒဏ္ဏာရီ - θρύλος (completed-9)حيث تعيش القصص. اكتشف الآن