Chapter-65 ( ပြောင်းရွှေ့ခြင်း )

Начните с самого начала
                                    

ရွှီလျန်က ဧရိယာကို ဒန်းလေးနှင့် ထိုင်ခုံအနည်းငယ်ပါသော ဥယျာဉ်ငယ်လေးအဖြစ် ပြုလုပ်လိုခဲ့သည်။ သူမတို့မိသားစုက နေရောင်အောက်တွင် နေပူဆာလုံနေချိန် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များနှင့်အတူ စာဖတ်နိုင်သည် သို့မဟုတ် ဆော့ကစားနိုင်သည်။

ဒါပေါ့ အခန်းတစ်ခန်းကိုတော့ ရွှီလျန်၏အလုပ်ခန်းအဖြစ် ပြောင်းလဲရန် လိုအပ်နေသေးသည်။ သူမဆိုင်ရှိ လက်ရှိအလုပ်ခန်းကဲ့သို့ ဖယောင်းတိုင်ပြုလုပ်ရန်နှင့် သူမ၏ကိရိယာများအတွက် စားပွဲကြီးတစ်ခု လိုအပ်ပါ၏။

ဒီဇိုင်နာနှင့် အပြန်ပြန်အလှန်လှန်ပြောဆို ဒီဇိုင်းအစီအစဥ်များကို အကြိမ်ပေါင်းများစွာ ပြုပြင်မွမ်းမံကာ အသေးငယ်ဆုံးသော နေရာများအကြောင်း စိတ်ဒုက္ခရောက်ရပြီးနောက် ရွှီလျန် နောက်ဆုံးတွင် ကျေနပ်သွားခဲ့သည်။ ရှန့်ချန်ခုန်း ရေချိုးပြီး ရေချိုးခန်းထဲက ထွက်လာတော့ ရွှီလျန်က သူ့ကို လက်ခါပြပြီး သူမတက်ဘလက်ကို ပြလာ၏။

"ပုံကြမ်းတွေ ပြန်ပြင်ပြီးပြီ လာကြည့်လိုက်ပါအုံး"

ရှန့်ချန်ခုန်းသည် သူ့ဆံပင်နှင့်လည်ပင်းကို မျက်နှာသုတ်ပဝါဖြင့် သာမာန်ကာလျှံကာ သုတ်ပြီး ရွှီလျန်အနားတွင် ပြုံးကာ ဝင်ထိုင်လိုက်သည်။

"မင်းသဘောကျသရွေ့ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကိုယ် ဂရုမစိုက်ပါဘူး"

"ရှင်ကြည့်လိုက်တာ ပိုကောင်းမယ်.. အကုန်လုံးကို တပ်ဆင်ပြီးလို့ ရှင်မကြိုက်ဘူးဆိုရင် အုတ်ခဲတွေကို ရှင်ကိုယ်တိုင်ပဲ ကလော်ထုတ်မှရမယ်"

ရှန့်ချန်ခုန်း ရယ်လိုက်သည်။

"ဒီလောက် အလေးအနက်ထားနေဖို့ မလိုပါဘူး"

"ကျွန်မတို့ အလေးအနက်ထားရမယ်"

ရွှီလျန်က သူ့ကို လှမ်းကြည့်သည်။

"အိမ်ပြုပြင်မှုတွေကြောင့် ကွာရှင်းပြတ်စဲသွားတဲ့ ဇနီးမောင်နှံတွေ ဘယ်နှစ်ယောက်ရှိလဲ ရှင်သိလား"

ရှန့်ချန်ခုန်း : "......"

"ယုံရခက်ပေမဲ့ အခုလက်ရှိ ကျွန်မတို့ရဲ့ဒီဇိုင်နာမှာ အရင်က ဒီလိုဖောက်သည်တွေရှိခဲ့တယ်.. အရင်က သူမက မင်္ဂလာဆောင်ခါနီး စုံတွဲတစ်တွဲအတွက် အလုပ်လုပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ တစ်ယောက်က ကျေးလက်စတိုင်ကို ကြိုက်တယ် နောက်တစ်ယောက်က ခေတ်မီမီနီပုံစံတွေကို ဦးစားပေးတယ်.. နောက်ဆုံးတော့ သူတို့ အကြီးအကျယ် ငြင်းခုံပြီး လမ်းခွဲခဲ့ကြတယ်"
  
"........"

Slowly Falling For Changkong ( ဘာသာပြန် )Место, где живут истории. Откройте их для себя