အယ်? ရှန်လင် ဘယ်တုန်းက စကားအရမ်းများလာရတာလဲ?ဟုတ်ပါတယ်.. တက္ကသိုလ်ဟာ သင်ယူဖို့သာမကဘဲ မင်းရဲ့သင်ယူမှုစွမ်းရည်ကို မြှင့်တင်ဖို့လည်း ဖြစ်ပါတယ်။
သွေးလှူပြီးနောက် နှစ်ယောက်သား ထွက်သွားကြပြီး လက်ကမ်းစာစောင်များ ဝေကြသည်။ ပထမတော့ လမ်းပေါ်မှာ ကျောင်းသားတွေ အများကြီးရှိပေမဲ့ တချို့တလေက လမ်းတစ်ဝက်လောက်ကနေ ထွက်သွားကြ၏။ နောက်ဆုံးတော့ သူတို့ထဲက အနည်းငယ်ပဲ ကျန်ရှိခဲ့တော့သည်။
နောက်ဆုံးတွင် ကျောင်းသားအများအပြားဟာ အပိုခရက်ဒစ်ရရန်သာ ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ စုန့်ကျစ်ရွှမ်းက ဆုံးခန်းတိုင်အောင် နေခဲ့သဖြင့် ရှန့်နွမ် အမှန်တကယ်ပင် အံ့အားသင့်သွား၏။ စုန့်ကျစ်ရွှမ်းက ရှန်လင်၏အတန်းဖော်များအနားတွင် နေပြီး သူတို့နှင့် တစ်ချိန်လုံး စကားပြောနေပုံရသည်။
သူတို့အလုပ်ချိန်က ပြီးလုနီးပါးဖြစ်တာကိုမြင်တော့ ရှန်လင်ရဲ့အတန်းဖော်တွေက အစပြုပြီး မိန်းကလေးတွေကို နေ့လည်စာစားဖို့ ဖိတ်ခေါ်သည်။ စုန့်ကျစ်ရွှမ်းက ချက်ချင်းပြန်ဖြေ၏။
"ကောင်းတယ်! အနီးအနားမှာ ကိုယ်တိုင်ယူစနစ် ဝန်ဆောင်မှုကောင်းတဲ့ ပင်လယ်စာဟော့ပေါ့ စားသောက်ဆိုင်ရှိတယ်.. အရသာရှိပြီး တော်တော်စျေးသက်သာတယ် အတူတူသွားကြရအောင်"
ရှန်လင်က ရှန့်နွမ်ဘက်ကို လှမ်းကြည့်ရင်း မေး၏။
"မင်းရော ဘယ်လိုထင်လဲ?"
ရှန့်နွမ် စဉ်းစားပြီးနောက်"သွားလို့ရတယ်"
သူမက ထွက်သွားရန်အသင့်ဖြစ်နေပြီဖြစ်သော လော့စစ်ချီကို ဖမ်းဆွဲပြီး သူမ၏လက်ကိုဆွဲလိုက်သည်။
"ငါ ငါ့အခန်းဖော်နဲ့ လိုက်ခဲ့မယ်"
"အိုကေ လူများလေ ပိုပျော်စရာကောင်းလေပဲ"
"......."
ရုတ်တရက် ဆွဲခေါ်ခံလိုက်ရသော လော့စစ်ချီမှာ ရှန့်နွမ်ဆီသို့ တိတ်တဆိတ် ကြည့်လိုက်သည်။ ရှန့်နွမ် သူမကို ပြုံးပြပြီး မေး၏။
JE LEEST
Slowly Falling For Changkong ( ဘာသာပြန် )
RomantiekCOMPLETED ✔️ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.12.2023