Chapter-64 ( Date )

Start from the beginning
                                    

ဆေးရုံမှာ နှစ်ရက်လောက်နေပြီးနောက် ရွှီလျန်က အိမ်ပြန်နိုင်လောက်အောင် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ၊ လူတိုင်း၏ ဂရုတစိုက်လုပ်ဆောင်ပေးမှုများကြောင့် ဖြစ်နိုင်သလို ပထမဆုံးအချက်အနေနှင့် ရွှီလျန်က ကြံ့ခိုင်မှုကောင်းမွန်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဆေးရုံမှာနေရတာ အထူးစိတ်လှုပ်ရှားစရာ ဘာမှမရှိတာကြောင့် ဒီအချိန်အတွင်းမှာ ရွှီလျန်ရဲ့ အကြီးမားဆုံးပျော်ရွှင်မှုက သူမကလေးနဲ့ကစားပြီး သူမလေးကို ဘာနာမည်ပေးရမလဲ ဆွေးနွေးနေတာပါပဲ။

သူမ၏မိသားစုတွင် ပညာအရှိဆုံးနှင့် အထူးခြားဆုံးပုဂ္ဂိုလ်ဟာ ဒေါက်တာရှန့်ဖြစ်သည်မှာ သိသာထင်ရှားလှသောကြောင့် နာမည်တစ်ခုရလာရန် တာဝန်သည် သူ့အပေါ်တွင် ကျရောက်လာခဲ့သည်။ ရှန့်ချန်ခုန်းက အလွန်အသိဉာဏ်ရှိရှိ လုပ်ဆောင်တတ်ပြီး ဤဂုဏ်သရေကို အလွန်တာဝန်ကျေပွန်စွာ သုံးသပ်ဝေဖန်သည်။ သို့သော် လွန်ခဲ့သည့်ရက်အနည်းငယ်က ဖြစ်နိုင်ချေရှိသော အမည်အချို့ကို တွေးတောနေသော်လည်း ရွှီလျန် ဆေးရုံမှ ဆင်းရမည့်အချိန်၌ သူ့အနေနှင့် နာမည်တစ်ခုကို အပြီးသတ် မဖော်ပြနိုင်ခဲ့သေးကြောင်း ဆိုလိုခြင်းဖြစ်သည်။

သူမလေး၏နာမည်ကို မဆုံးဖြတ်ရသေးသော်လည်း ကလေးလေးမှာ နာမည်ပြောင်များစွာရှိသည်။ ဒီရက်ပိုင်းအတွင်း လူတိုင်းက သူမအား 'အချစ်လေး' ၊ 'ဘေဘီ' ၊ 'ရတနာလေး' သို့မဟုတ် 'မင်းသမီးလေး' ဟူ၍ ခေါ်ဝေါ်နေကြပြီ။ ကလေးလေးဟာ နာခံမှုရှိပြီး အလွန်လိုက်လျောပေး၏။ ဘာနာမည်ပဲခေါ်သည်ဖြစ်စေ သူမလေးက ရွှင်ရွှင်မြူးမြူး ပြန်ဖြေတတ်သည်။

ရွှီလျန် ဆေးရုံမှဆင်းပြီးနောက် မားမားရွှီက ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့နှင့်အတူ ခေတ္တနေထိုင်ခဲ့ပြီး ကလေးအား ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ဝမ်းရှုလီလည်း အနီးနားတွင် သဘာဝအတိုင်း နေထိုင်ပြီး ကူညီပေးရန် နေ့တိုင်းလာရောက်ခဲ့သည်။ အဆုံးမှာတော့ ရွှီလျန်အတွက် ဘာမှလုပ်စရာ၊ စိတ်ပူစရာ ဘာဆိုဘာမှ မကျန်ရှိတော့ပါ။

ရှန့်ချန်ခုန်းသည် ရွှီလျန် ဆေးရုံဆင်းပြီး သုံးရက်မြောက်နေ့တွင် သူတို့သမီးလေး၏အမည်ကို ဆုံးဖြတ်ခဲ့ပြီး ကလေးလေးအား ရှန့်ရှင်းဟု တရားဝင်ခေါ်ဆိုခဲ့သည်။ ဒီနာမည်က ရှန့်ချန်ခုန်း အဆိုပြုခဲ့တဲ့ ပထမဆုံးနာမည်ဖြစ်ပေမဲ့ အဲဒီအချိန်တုန်းက လူတိုင်းက ငြင်းပယ်ခဲ့ကြ၏။ မည်သို့ပင်ဆိုစေ အရာရာတိုင်းက လှည့်ပတ်သွားနေပြီး နောက်ဆုံးတွင် နာမည်က ထပ်မံပေါ်လာပြီး လက်ခံခဲ့ရသည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now