"အဆင်ပြေမယ်ဆို နိုဝယ် dinner ပြန်ကျွေးချင်လို့လေ အဲ့တာ ဏရီ အချိန်ရမလား ဖုန်းဆက်ကြည့်တာ"

"အင်း တို့ ဒီနေ့ညပိုင်းတော့ ချိန်းထားတာတစ်ခုရှိသေးတယ် ဒါပေမဲ့ ဖျတ်လိုက်လို့ရပါတယ် သိပ်အရေးမကြီးပါဘူး တို့ လာခေါ်ပေးရမလား"

"ဟုတ် ရတယ် နိုဝယ် ဖုန်းပြန်ဆက်လိုက်မယ်လေ အချိန်နဲ့နေရာကို မဟုတ်လဲ စာပို့ထားလိုက်ပေးမယ်နော်"

ထိုနေ့ ညမှာ လုပ်ငန်းရှင်တစ်ယောက်နဲ့ ညစာစားဖို့ချိန်းထားသည်ကို ဒဏ္ဏာရီ့ဘက်ကဖျတ်လိုက်သည်ကား ပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မည်။

အညိုရောင် shirt ကိုမှ style pant နှင့်တွဲဝတ်ထားသည့် ဏရီ့ပုံက မိန်းခလေးမဆန်သည့် ပုံစံမျိုးမပေါက်နေပါ သို့သော်လဲ ဘေးလူတွေကတော့ ဏရီ့ကို ကြည့်နေသည့်မျက်ဝန်းများကတော့ အားကျသည့်အကြည့်များဖြစ်နိုင်သည်။

" ဏရီ ဒီဆိုင်အဆင်ပြေရဲ့လား ဒီဆိုင်က နိုဝယ် စားနေကျဆိုင်လေ လက်ရာလဲကောင်းတယ် နောက် ဆိုင်လေးကလဲသန့်တယ်"

"တို့အဆင်ပြေပါတယ် တို့လဲ ဒီလို ခပ်အေးအေးဖြစ်တဲ့ နေရာမျိုးကိုသဘောကျတယ်"

ရောက်တဲ့ရာရာပြောနေပေမဲ့ Nowl ဘက်ကပဲအပြောများကာ ဏရီကတော့ နားထောင်သူသာသာ။

"နိုဝယ်ပဲပြောနေရတာအားတောင်နာလာပြီ ရှင်ပြန်ပြောလေကျွန်မပြန်နားထောင်ပေးမယ်"

"တို့မှာကပြောစရာဆို စီးပွားရေးအကြောင်းပဲရှိတာ Nowl ကိုတော့ အဲ့ခေါင်းခြောက်စေမဲ့အရာတွေတို့ပြောမပြချင်ဘူး ဒါကြောင့် မင်းပြောတာပဲတို့နားထောင်မယ်လေ"

တကယ်လဲ Nowl ပြောသမျှကိုထိုင်နားထောင်နေရသူမှာ ဒဏ္ဏာရီ ပဲဖြစ်ပါသည်။

"ဘယ်သွားချင်သေးလဲဟင် တို့လိုက်ပို့ပေးပါ့မယ်"

ဆိုင်ထဲမှာအထွက်ကားပါကင်ကိုရောက်တော့ကားတံခါးဖွင့်ပေးပြီးနောက်မေးလိုက်တော့ နိုဝယ်က စဉ်းစားနေသည့်ဟန်ပန်။

"အင်း... ဘယ်မှတော့ထွေထွေထူးထူးရယ်လို့မသွားချင်မိဘူး ဏရီ။ ဏရီကောဘယ်ကိုသွားချင်လဲ နိုဝယ်အချိန်ရပါတယ်"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now