အပိုင်း ၈

1.1K 152 2
                                    

Unicode

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

အပိုင်း ၈


 

သူမသည် ကလေးပါရမီရှင်ဖြစ်ပေမယ့် ရောက်လာသည့်တိုင် သူမအား အာရုံမစိုက်ခဲ့ပေ။ ၎င်းက သူမကို စိတ်တိုစေသည်။

သူမအဖွားသည် အရင်က သာ့ချောင်ကို ဂရုမစိုက်ခဲ့သဖြင့် သူမလည်း ဂရုမစိုက်ပေ။

သူမ ထွက်သွားတာ ငါးရက်သာ ရှိသေးသော်လည်း သူမ၏ အဖွားက ယခုကဲ့သို့ သာ့ချောင်ကို ဒီလောက်ထိ ကာကွယ်ပေးနေတာလဲ?

သူမ မသိတဲ့ကိစ္စတစ်ခုခု ဖြစ်ခဲ့တာလား?

ချောင်ရှို့ကျီက သူမ၏ ညီမကို ဆူသည်အား သာ့ချောင်က မြင်သောအခါ ချက်ချင်း ရှင်းပြသည်။ "အဖွား  ညီမလေး က  သမီး ကို အ နိုင် ကျင့် တာ မ ဟုတ် ဘူး ညီမလေး ကူ ညီ ပါ တယ်"

ချောင်ရှို့ကျီက သူမခေါင်းကို ပုတ်ပြီး ပြောလိုက်သည်။ "သမီးရဲ့မိုက်မဲတဲ့ ဦးနှောက်လေးနဲ့  တကယ်လို့ လူတစ်ယောက်က သမီးကို ရောင်းလိုက်ရင် အဲ့လူအတွက် ပိုက်ဆံပါ ထိုင်ရေပေးနေမယ့်ပုံမျိုး။ ပြော၊ ငါးကို ဘာလို့ လိုချင်လို့လဲ"

"ကြည့်၊ လှတယ်" သာ့ချောင်၏လက်သေးသေးလေးသည် သူမ၏ အဝတ်ထောင့်ကို ဖမ်းကိုင်လိုက်ပြီး အနက်ရောင်တောက်ပသော မျက်လုံးတစ်စုံဖြင့် သူမကို ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင် အရည်လဲ့သည်။

ချောင်ရှို့ကျီ၏ ထောင့်မှ ကြည့်လျှင် သူမ၏ ကော့နေသော မျက်တောင်များက အနည်းငယ် တုန်နေတာကို တွေ့နေရသည်။

ဒီလိုမျက်လုံးတစ်စုံကို ဘယ်သူက ငြင်းဆန်နိုင်မလဲ။
ချောင်ရှို့ကျီက ခေါင်းလှည့်ပြီး ပြောလိုက်သည်။ "ဒီငါးအတွက် ကြက်ဥတစ်လုံး လဲလှယ်လိုက်မယ်၊ ဘယ်လိုလဲ"

သူမဘာလုပ်နိုင်တော့မှာလဲ?

သူက ကျေကျေနပ်နပ်ကြီး လဲလိုက်သည်!

ဤငါးက အရမ်းငယ်သဖြင့် အသားမရှိပေ။  ထို့အပြင် ဤငါးသည် အရသာမရှိပေ။  ကြက်ဥတစ်လုံးနဲ့ ဘယ်လိုယှဉ်နိုင်မလဲ။

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး (ဘာသာပြန်)Where stories live. Discover now