အပိုင်း(၁၀)

1.3K 45 1
                                    

"city mart ဝင်မယ်နော် ၊ လူကြီးတွေအတွက် ဝယ်ရအောင်"

"အိုကေ"

သုတတို့နှစ်ယောက် အမေတို့အိမ်သွားနေရင်းက ချယ်က ဈေးဝင်ဝယ်မယ်ပြောလို့ city mart ထဲဝင်လိုက်ကြပြီး၊ သုတကတွန်းလှည်းတွန်းရင်း ချယ်ဘေးကလိုက်ခါ ဈေးဝယ်ကြတော့

"သုတ စတော်ဘယ်ရီကောင်းလား၊ လိမ္မော်ကောင်းမလား"

"လိမ္မော်"

ချယ်က လိမ္မော်အရသာ ကွတ်ကီးထုပ်လေးကို စင်ပေါ်ပြန်တင်ပြီး စတော်ဘယ်ရီအထုပ်လေးကို တောင်းထဲထည့်လိုက်ကာ ရှေ့ဆက်သွားပြန်သည်။

"ချယ် ensure ယူလိုက်"

ချယ်က glucernaဗူး ယူကာတောင်းထဲထည့်လိုက်ပြန်သည်။ ချယ် ဗူးကိုတောင်းထဲထည့်ရင်းက သုတချယ့်အမေကိုလည်း ensure ပဲဝယ်လာပေးတာ သတိရမိသွားရပြန်သည်။ ဒီယောင်္ကျားဟာလေ လူကြီးတွေမှာ ဆီးချိုရှိတာသိသိကြီးနဲ့၊ အသေးစိတ်အကုန်လိုက်ပြောပြရရင်လည်း သူလည်း နားအရည်ပျော်ပြီး ချယ်လည်း လျှာထွက်တာသာ အဖတ်တင်မှာမို့၊ ရှင်းပြမနေတော့ဘဲ သင့်တော်တာတွေကိုသာ ကိုယ့်ဟာကိုယူထည့်လိုက်တော့သည်။

သုတ ချယ့်လုပ်ပုံတွေကြည့်ရင်းက တဖြေးဖြေးနဲ့ပေါက်လာရသည်။ ဘာတုန်း ဒီမိန်းမ လူကို တမင်လုပ်နေသလိုပဲ။ ဘယ်ဟာယူရမလဲ အကြံတောင်းတယ်၊ ပြီးရင် သူကြိုက်တာသူထည့်တယ်။ ကိုယ်ကထည့်ခိုင်းတဲ့ ပစ္စည်းတွေကျတော့ မထည့်ဘူး။ ဒါဆိုလည်း ဘာလို့ဈေးဝယ်လိုက်ဖို့ ခေါ်နေသေးလည်း သူ့ဟာသူ ကဒ်ယူပြီးသွားဝယ်၊ ကိုယ့်ကို ကားပါကင်ကစောင့်ခိုင်းလည်းရတာပဲကို။

"ချယ် မောင် casherနားကနေပဲစောင့်နေတော့မယ်။ ချယ့်ဟာချယ် ဆက်ဝယ်လိုက်တော့"

ချယ်သိလိုက်ပြီ၊ ကောက်တေးတို့တော့ ဇာတ်လမ်းစပြီ

"ဘာလို့လဲ? ဝယ်တာလည်း စုံနေပြီ၊ ပြီးနေပြီကို၊ ဘာလဲ နင်ပြောတာတွေမယူလို့ ကောက်သွားတာလား၊ ဟုတ်လား"

အဲ့လိုကျတော့လည်း မျက်နှာက စူပုတ်နေပေမယ့် နှုတ်ကတော့ ဝန်မခံ

"မောင်က ဘာလို့ကောက်ရမှာလဲ?၊ ကလေးလည်းမဟုတ်"

ချယ် မပြောပြရင် သိမှာမဟုတ်တဲ့လူကို စိုက်ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ

နက်ဖြန်တိုင်းမှာ နင်နဲ့ငါWhere stories live. Discover now