အပိုင်း(၉)

Start from the beginning
                                    

လွန်ခဲ့တဲ့ ဆယ်လလောက်ကကိစ္စကို သူငယ်သေးလို့ဆိုပြီး ဗလေဗဆာတွေပြောနေတဲ့သူနဲ့ စကားအပြိုင်မပြောတော့ဘဲ၊ အပြုံးနဲ့ပဲ ချယ်အနိုင်ပေးလိုက်ပြီး

"ဟုတ်ပါပြီတဲ့ရှင့်၊ ဒါပေမယ့်စားပြီးရင်တော့ မောင် ပန်းကန်တွေကူဆေးပေးနော်၊ ချယ်မဆေးချင်တော့ဘူး"

"ဆေးပေးမှာပေါ့၊ မိန်းမက ချန်ဂင်ဆို၊ ယောင်္ကျားက ဟောဂျွန်လုပ်ရမှာပေါ့"

(ချန်ဂင်=>စားဖိုမှူး၊ ဟောဂျွန်=>ဆေးဆရာ)

ထမင်းစားကြတော့ သုတ ခုမှသတိထားမိတယ်၊ ချယ့်ပန်းကန်ထဲ ပုစွန်က အဖြူထည်လေးတွေ၊ ဟင်းပန်းကန်ထဲမှာက အစပ်ကြော်မို့

"ချယ် နောက်ဆို ဟင်းတွကို အချိုပဲချက်လေ၊ မောင့်အတွက်သက်သက်၊ ချယ့်အတွက်သက်သက်ချက်မနေနဲ့"

"မောင်မှ အစပ်မပါရင်၊ စားမဝင်တဲ့ဟာ၊ ချယ်ကလည်း စပ်ရင်မစားနိုင်ဘူး"

"ဒါဆိုဒီလိုလုပ်၊ ဟင်းချက်ရင် ချယ်စားနိုင်သလောက်ပဲ ငရုတ်သီးကိုထည့်၊ မောင့်အတွက်က ငရုတ်သီးကြော်လိုမျိုးအရံဟင်းအစပ် ဝယ်ထားပေးရင်ရပြီ၊ နှစ်မျိုးဆီခွဲ လုပ်မနေနဲ့ပင်ပန်းတယ်"

မတူညီတဲ့ မိသားစုနှစ်စုက ကြီးပြင်းလာတဲ့လူနှစ်ယောက်အတူနေတဲ့အခါ အသေးအမွှားလေးတွေကအစ ညှိပြီးနေရတာပါပဲ။ သုတတို့အိမ်က ငရုတ်သီးဆိုစပ်နေမှ၊ ချယ့်အိမ်ကတော့ ဘာစားစားအဖြူထည်၊ ရေလုံပြုတ်။ သုတတို့မိသားစုတွေက တစ်ယောက်နဲ့တစ်ယောက် ဖက်လှဲတကင်း ချစ်ကြတယ်၊ ‌အချင်းချင်းဖက်တာ၊နမ်းတာက သူတို့အတွက်မဆန်းဘူး။ ချယ်တို့သားအမိကတော့ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ပေမယ့် သုတတို့လိုတော့ skinship ‌နဲ့မဖော်ပြကြဘူး။

အဲ့လိုတွေကွဲပြားတော့ ချယ့်မှာ အိမ်ထောင်ကျကာစကဆို စိတ်ညစ်တာမှ တအားပဲ။ သုတကလည်း ညားခါစဖြစ်တာရော၊ ရင်းနှီးမှုလိုချင်တာရောဆိုတော့ ဘယ်သွားသွား တပူးပူးလိုက်ကပ်နေ၊ ချယ်ကလည်း အဲ့လိုကပ်နေရင်မနေတတ်နဲ့ အတော့်ကိုဂွကျတာ။ ခုတော့ ချယ်လည်း သူလိုက်ကပ်လွန်းအားကြီးလို့ skinship နဲ့အတော့်ကို နေသားကျနေပါပြီလေ။ တစ်ခါတစ်လေ အိမ်သွားလို့ အကျင့်ပါပြီး အမေ့ကို သွားဖက်မိရင်တောင် ကိုယ့်မှာ အမေရိုက်ထုတ်တာခံရတယ်၊ ပူတယ် အနားလာမကပ်နဲ့ဆိုပြီးတော့ပေါ့။

နက်ဖြန်တိုင်းမှာ နင်နဲ့ငါWhere stories live. Discover now