အိမ်ရှင်ဖြစ်သော အကိုလေးတို့လင်မယားက နှစ်ယောက်တည်းဆိုကာ ထည်ဝါ့ကိုထားပြီး ခရီးထွက်သွားကြသည်။ ထိုအတွက်ကို နေပြည်တော်အထိချက်ချင်းဆင်းလာရသော်လည်း ပင်ပန်းမှုကို မဆိုဖြစ်ပဲ ရောက်ရောက်ချင်းမှာ ဒီ၅နှစ်ပြည့်ပြီးသား ကောင်ငယ်လေးကို ရေကူးသင်ပေးရသည်။
တတ်မြောက်လိုစိတ်ပြင်းပြသော ထည်ဝါသည် ဒီအရွယ်ထဲက အနိုင်ယူချင်စိတ်လည်းများပြားသည်။ အကိုကြီးကောင်းမြတ်သော၏ သားသမီးသုံးယောက်တွင် ဒီကောင်လေးကသာ သခင်ကြီး၏မျိုးရိုးကိုဆက်ခံထားသလိုဖြစ်နေသည်။
ငယ်ငယ်ထဲက ခေါ်ယူမွေးစားခဲ့ပြီး ဒီအရွယ်အထိအနားမှာထားပေးသော ဖေဖေသည်လည်း အကိုလေးနဲ့လက်ထပ်ပြီးခါမှ သခင်ကြီးဆိုသည်အတိုင်းပြောင်းလဲခေါ်ဝေါ်ဖြစ်ခဲ့သည်။ လက်တွေ့မှာ ဖေဖေ့မြေးဖြစ်သူနဲ့လက်ထပ်ခဲ့သောသူသည် ဖေဖေ့မွေးစားသားဆိုသည့်နေရာကို လက်လွှတ်လိုက်တော့သည်။
ထိုအချိန်မှစ၍ သခင်ကြီးသည်လည်း နဂိုရှိထားသည့်သူ့ဆီမှာ မျှော်လင့်ထားသမျှကို ထည်ဝါ့ဆီပုံအောသည်။ ထည်ဝါလိုချင်သမျှအားလုံးနဲ့ ဖြစ်ချင်သမျှကို လိုက်လျောပေးသလောက်ပဲ ထည်ဝါ့ကို သူလိုချင်သည့် ပုံစံဘက်သိုရအောင်ပုံသွင်းသည်။
"ထည်ဝါ..."
ရေကူးကန်နားတွင် ကျားကွက်ထိုးသည်ဟု မဆိုရလောက်အောင် ကျားကွက်ကို ရှေ့မှာ ထားပြီး သူရောထည်ဝါရောက ငြိမ်သက်နေသည်။ ထိုအချိန်တွင် သူတို့အနားသို့ ရောက်လာသော ကလေးမလေးကို ယခင်ကဒီအိမ်ကို လာစဥ်အခါကလည်း ဒရယ်ဂွန် မြင်ခဲ့သေးသည်။
မလှမ်းအနေအထားကနေ ထည်ဝါဆိုသည့်ကောင်လေးက တစ်ချက်လှည့်ကြည်လိုက်ရုံရှိသေးသည်။ ကလေးမလေးက အလင်းလို အမြန်နှုန်းထားမျိုးနဲ့ အနားကို ရောက်လာပြီး ထည်ဝါ့ လည်ဂုတ်ဆီမှာ လက်နှစ်ဖက်လုံးကို တင်သည်။
"ငါ ခေါ်နေတာကို ပြန်လည်းမထူးဘူး။ နားရွက် မကြားဘူးလားဟင်....."
"ကျစ်... သမီးငယ်။"
နားရွက်ဆီကို လိမ်ဆွဲသည်အထိလည်း ထည်ဝါက တစ်ချက်ညည်းညူလိုက်ရုံကလွဲပြီးငြင်းဆန် ဖယ်ရှားပစ်တာမျိုး မရှိပဲ ငြိမ်ခံသည်ကို ကြည့်နေရင်းက အံ့သြရသည်။
YOU ARE READING
မြတ်နိုး၍
Poetryဒီကမ္ဘာတွင် မြတ်နိုး၍ တန်ဖိုးထားသင့်သည်ဟု အစဥ်တွေးတောနေဖြစ်သည့် လူတစ်ယောက်သာရှိသည်။ ရောင်ဝါ+ဒရယ်ဂွန်