"ဒရယ်ဂွန်.... ပြီးရင် မှော်ထဲသွားလိုက်ဦး။"
"ဟုတ်ကဲ့ ဖေဖေ။"
"သူ သွားလို့မရဘူး ဖေဖေကြီး။"
ဆန့်ကျင်ဘက်စကားနှစ်ခုက တစ်ပြိုင်နက်ထဲမှာ ထွက်ပေါ် လာသည်။ ဖေဖေကြီးရဲ့ အပြောကို ဒရယ်ဂွက လက်ခံပြီး ရောင်ဝါက တားမြစ်သည်။
"မင်းသွားလို့ မရဘူးလေ ဒရယ်ဂွန်။ အခုထိ နာနေမှာကို နားနေရမယ်လေ။"
"အကိုလေး..."
ချက်ချင်းမှာ ဒရယ်ဂွန်က ဟန့်တားတာဖြစ်ပေမယ့်လည်း ရောင်ဝါကတော့ စကားကို ဆုံးအောင်ပြောသည်။ ထိုသို့ဖြင့် နှစ်ဦးကြားမှာ အကြည့်လေးတွေမြဲနေသည်ကို မြင်ရတော့ နေခြည်ပြုံးမိသည်။ မသိမသာနဲ့ ဖေဖေကြီးဆီကိုလည်း အကဲခတ်ကြည့်မိသည်။
အနည်းငယ်တော့ မသေချာပေမယ့်လည်း ဒီအနေအထားကို ကျေနပ်နေသည့် ဖေဖေကြီးဆီကအကြည့်တွေကို အကဲခတ်နေသည့် အချိန်မှာပဲ ဖေဖေကြီးဆီကနေ စကားသံထွက်လာသည်။
"ဒရယ်ဂွန်သွားလို့ မရရင် သူ့အစား မင်းသွားပေးလို့ ရတယ် ရောင်ဝါ။ မင်းသွားချင်လား...."
ဒီစကားကြောင့် နေခြည့်အနေနဲ့ ဒယ်ဒီ့ဆီကို အားကိုးတကြီးလှည့်ကြည့်ဖြစ်သွားသည်။ နေခြည်တို့ ငယ်ငယ်က ပရောဗင့်ကနေ ဒီကိုပြန်လာအောင် ဖေဖေကြီးကကြိုးစားနိုင်ခဲ့သည်။ မာမီနဲ့ချည်ပြီး ဒယ်ဒီ့ကို ပရောဗင့်ကနေ ပြန်လာစေခဲ့တာဖြစ်သည်။
အခုလည်း ရောင်ဝါ့ဘဝကို ဒရယ်ဂွန်နဲ့မှီပြီး ကြိုးကိုင်ချင်နေတာဖြစ်သည်။
"ဒီလုပ်ငန်းတွေကို ရောင်ဝါ နားမလည်ဘူး။
သူ့ကို ခိုင်းလို့ မရလောက်ဘူးဖေဖေ။""သူက မင်း,သားပဲ။ ငါ့ မြေးလည်းဟုတ်တယ်။
ဒီလုပ်ငန်းတွေက အထူးတလည်သင်ယူနေစရာမှ မလိုတာ။"ဖေဖေကြီးရဲ့ ထိုစကားက မှန်ကန်ပေမယ့်လည်း နေခြည်မှာ ပူပင်ရသည်။ ရောင်ဝါ့ကို သူ့ဝါသနာပါသည့် အရာတွေနဲ့ပဲ ရှေ့ဆက်စေချင်တာဖြစ်သည်။
"ရောင်ဝါ မင်းသဘောပဲ။"
ဒယ်ဒီ့အပြောကြောင့် နေခြည့်ဘက်ကဝင်ပြောဖို့ပြင်လိုက်သည်ကို ဒယ်ဒီက ခေါင်းယမ်းပြသည်။
YOU ARE READING
မြတ်နိုး၍
Poetryဒီကမ္ဘာတွင် မြတ်နိုး၍ တန်ဖိုးထားသင့်သည်ဟု အစဥ်တွေးတောနေဖြစ်သည့် လူတစ်ယောက်သာရှိသည်။ ရောင်ဝါ+ဒရယ်ဂွန်