အပိုင်း (၇)

394 27 0
                                    

အပြင်ထွက်ချင်စိတ်လည်း မရှိသည်ကြောင့်နဲ့ အိပ်စက်ခြင်းကို ဦးတည်ခဲ့သည်။ နောက်တစ်နေ့မနက်ရောက်တော့ စိတ်က အလိုလိုကြည်လင်နေသည်။ နိုးလာသည်နှင့် ပေါ့ပေါ့ပါးပါးပြေးလို့ရမည့် ဘောင်းဘီအရှည်နဲ့ ပုံမှန်ဝတ်နေကြ Teeတစ်ထည်ကို လဲပြီး အခန်းကနေထွက်လာခဲ့သည်။ 

အခန်းတံခါးကို ဖွင့်ဖွင့်ချင်းမှာ မြင်တွေရသည့် ဗင်းနစ်၏ရေပြင်နှင့် လှေတစ်ချို့က စိတ်ကို ပိုလို့ကြည်လင်စေသည်။ စားသောက်ဆိုင် တန်းလျားကနေ ထွက်လာခဲ့ပြီး မနက်အစော ပြေးဖြစ်သွားသည်။ ဗင်းနစ်မြို့ မှာ ရှိသည့် အားကစားရုံကိုလည်း သွားဖြစ်သည်။ 

လေ့ကျင့်ခန်းတွေနဲ့ အသားအကျနေသည့် ခန္ဓာကိုယ်က မနက်အစမှာ ၆၀ကီလို ဝိတ်တုံးကို မ,ဖြစ်သွားသည်။ ဆက်တိုက်လုပ်ဆောင်ရမည့် ရင်ဘက်လေ့ကျင့်ခန်းတစ်ချို့နှင့်အတူ လမ်းလျှောက်စက်ပေါ် မှာလည်း ပြေးဖြစ်သည်။ တစ်နာရီကျော်သွားသည်တွင် ကျသင့်‌ငွေကို ရှင်းပေးပြီး အားကစားရုံကနေထွက်လာခဲ့လိုက်သည်။ 

အပြန်လမ်းတွင် စားသောက်ဆိုင်တစ်ဆိုင်ဝင်ပြီး အသားဓာတ်အတွက် အမဲသားနှင့်၊ ဝက်ပေါင်ခြောက်အနည်းငယ်ကိုတော့ ကြိုက်သည်ကြောင့် မှာစားခဲ့လိုက်သည်။ အီတလီကို ရောက်ပြီဆိုလျှင် ဝိုင်သောက်ချင်သည့် စိတ်က ထိန်းရခက်သည်။ 

စားသောက်ဆိုင်မှာ ရှိနေသည့် စားသုံးသူတိုင်း၏ စားပွဲတွင်ရှိနေသော ဝိုင်ခွက်ကို တော််တော််လေး ‌သံယောဇဥ်ဖြတ်လိုက်ရသည်။ ‌နောက်ဆုံး သောက်ရေကို ဝိုင်ခွက်ဖြင့် သောက်ချဖြစ်သွားသည်။

တစ်ယောက်တည်းစားသောက်နေသည့် မနက်ခင်းအစမှာ ဝင်လာသော အွန်လိုင်းခေါ် ဆိုမှုက နေခြည့်ဆီက ဖြစ်သည်။

"နေခြည်....."
လှီးဖြတ်ထားလက်စဖြစ်သည့် အမဲသားကို ခရင်းဖြင့် ပါးစပ်ထဲကို မထည့်သေးခင်မှာ အရင် နှုတ်ဆက်လိုက်သည်။

"ဘာလုပ်နေလဲ။ ဘယ်သွားတာလဲ ရောင်ဝါ...."

အဖြေသိနေပြီးသား မေးခွန်းအတွက် အသားကိုဝါးနေရင်းက ပြန်ဖြေဖြစ်သွားသည်။
"အီတလီမှာ.... လာခဲ့လေ။"

မြတ်နိုး၍Donde viven las historias. Descúbrelo ahora