"ဒါ ဘာလဲဆိုတာ အားလုံးသိကြလား..."

လပ်စ် သည် စိတ်ရှုပ်သွားပြီးမှ သူ့အိတ်ကပ်ထဲမှ အရုပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ လက်ဝတ်ရတနာတွေနှင့် ပြည့်နေသည့် အရုပ်ကို ကြည့်ရသည်မှာ အတော် တန်ဖိုးကြီးလောက်သည်။ထိုအခါ ကလေးများသည် အရုပ်ကို အချိန်တိုအတွင်း စိတ်ဝင်စားခဲ့လာသော်လည်း မကြာမီ သိပ်စိတ်မဝင်စားကြတော့ချေ။ ဤအခန်းထဲမှာ အရုပ်များဖြင့် ပြည့်လျှံနေခြင်း ဖြစ်သည်။ ထို့အပြင် သူတို့အားလုံးသည် လိုလေသေးမရှိဘဲ ကြီးပြင်းလာခဲ့ကြသော ကလေးငယ်များဖြစ်တာကြောင့် လက်ဝတ်ရတနာများကို သိပ်စိတ်မဝင်စားကြတော့ပေ။ ကလေးတွေက သိပ်မတုံ့ပြန်သည့်အခါ လပ်စ် မျက်နှာက နီရဲလာသည်။

ဘုန်း....

ထိုအခါ လပ်စ် သည် ကြမ်းပြင်ပေါ်တွင်ထိုင်ပြီး ကစားနေသော ကောင်လေးကို စတင်အနိုင်ကျင့်ခဲ့သည်။ ပထမတော့ လက်ဖဝါးနှင့် ထိရုံသာဖြစ်သော်လည်း ကောင်လေးက မတုံ့ပြန်သဖြင့် ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။

"မလုပ်နဲ့..."

ကလေးက ငိုလိုက်တာ‌ကြောင့်တခြားသူတွေလည်း  လှည့်ကြည့်လာသည်။ထို့ကြောင့်  လပ်စ် စိတ်တိုသွားကာ ထိုကလေးငယ်အား သစ်သားဓားဖြင့် နံရိုးကိုထိုးလိုက်ပြန်သည်။ ကလေးမှာ ကြောက်လန့်ပြီး  အော်ငိုလေတော့သည်။ ဝိုင်းဆော့နေကြသော ကလေးများသည် စိတ်မငြိမ်မသက် ဖြစ်နေကြသော်လည်း လပ်စ် က သူတို့ကို သစ်သားဓားနှင့် ထပ်ထိုးမှာ ကြောက်တာကြောင့် ဘာမှ မပြောနိုင်ကြပေ။

“ရပ်လိုက်...”

အီလီယန် သည် ထိုင်နေရာမှထကာ လပ်စ် ထံသို့ ချဉ်းကပ်လာသည်။

"ဘာလဲ မင်းက..."

လပ်စ် သည် အီလီယန် ကို သစ်သားဓားဖြင့် ပုတ်ကာ ပြုံးရင်း ပြောလိုက်သည်။ အီလီယန် က သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသဖြင့် သူ တုန်လှုပ်သွားသော်လည်း မကြောက်ဟန်ဆောင်ကာ ပြောလိုက်၏။

"မင်းအဖေက မကောင်းဆိုးဝါးလို့ အမေက ပြောတယ်..."

"မကောင်းဆိုးဝါး… အဲဒါဘာလဲ..."

အခြေ‌အနေပေါ်မူတည်ပြီး ကွာရှင်းကြမယ်Where stories live. Discover now