ရှန့်ချန်ခုန်း ရွှီလျန်၏ရှင်းပြချက်ကို စိတ်ရှည်စွာ နားထောင်ပြီးနောက် ပြုံးလိုက်သည်။

"ကိုယ် ဒီရပ်ကွက်ကို ပစ္စည်းပို့ဖို့ မကြာခဏ လာတတ်ပါတယ်.. ဒါကြောင့် တကယ်တမ်း ဒီနေရာကို မင်းထက် ပိုရင်းနှီး​တာဖြစ်နိုင်တယ်"

ရွှီလျန် မျက်ခုံးပင့်လိုက်သည်။

"အဲဒီလိုလား? ဒါဆို ဒီအဆောက်အဦးမှာ ဘယ်လိုတိုက်ခန်းအမျိုးအစားတွေလဲ"

ရှန့်ချန်ခုန်းသည် ရွှီလျန်၏သိသာထင်ရှားသော မခံချိမခံသာဖြစ်အောင်ပြောဆိုခြင်းကို ပြုံးပြလိုက်သည်။

"ကိုယ် မင်းကို အရင်ကပြောဖူးတယ်လေ.. ကိုယ်တို့က ကာစတန်မာရဲ့တံခါးဝအထိပဲ အစားအသောက်တွေ ပို့ပေးလို့ရတယ် သူတို့အိမ်ထဲကို ဝင်လို့မရဘူး"

"အိုး?"

သူမစကားပြောနေရင် ရွှီလျန်ရဲ့မျက်လုံးများက အဓိပ္ပာယ်ရှိရှိဖြင့်

"ဒါပေမဲ့ ဟိုတုန်းကတော့ ရှင် အပြင်မှာမနေခဲ့ပါဘူး"

"သန်းခေါင်ကျော်နေပြီလို့ မင်းပဲပြောခဲ့တယ်လေ ကိုယ် အလုပ်ဆင်းပြီးနေပြီ"

"ကျွန်မက ကမ်းလှမ်းခဲ့ရုံတင်ပါ.. ရှင်က ကျွန်မအိမ်ထဲကို ဝင်သွားတာက ရှင်ဝင်ချင်တယ်လို့ ဆိုလိုတာပဲ"

"........"

ရှန့်ချန်ခုန်း၏မျက်နှာမှာ ရုတ်တရက် နီမြန်းလာရပြီး အကြည့်လွှဲလိုက်ရသည်။ ရွှီလျန်က သူ့တုံ့ပြန်မှုကို နားမလည်သော်လည်း သူမပြောခဲ့သည့်စကားကို တွေးပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။

မမြင်နိုင်သောအပြုံးတစ်ခုက သူမမျက်နှာကို သိမ်မွေ့သွားစေသည်။ စာတော်ပြီးထက်မြက်သော ရှန့်ချန်ခုန်းမှာ ဤမျှမသန့်ရှင်းသော စိတ်ရှိနိုင်သည်ကို သူမ မသိခဲ့ပါ။

သူတို့ အထပ် ၂၀ ရောက်သောအခါ နှစ်ယောက်စလုံး စကားမပြောဘဲ ဓာတ်လှေကားမှ ထွက်သွားကြသည်။ သူတို့ ညာဘက်ကိုလှည့်ပြီးနောက် တိုက်ခန်း ၂၁၂၂ မှာ ရပ်လိုက်ကြပြီး ရွှီလျန်က တံခါးဘဲလ်ကို နှိပ်လိုက်၏။

Slowly Falling For Changkong ( ဘာသာပြန် )Hikayelerin yaşadığı yer. Şimdi keşfedin