အပိုင်း ဆယ့်လေး

Start from the beginning
                                    

ယွန်းဂျောင်ဟန် နည်းနည်းတော့ရှက်သွားတယ်။ သူက ဟိုလိုလုပ် ဒီလိုလုပ်ပြောခဲ့ပေမယ့် စီစဉ်တာက ချွဲဆွန်းချောလေ။ ဒါမယ့် ကိုကိုက ဆုပေးမယ်ဆိုတော့လည်း ဟဲဟဲ ယူရတာပေါ့ နော့။

"ကျွန်တော်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို လိုက်လျောပေးရမယ်....ဆိုရင်ရော"

"ဖြစ်တာပေါ့....ဘာဆန္ဒလဲ ပြောပါအုံး"

"အခုမဟုတ်သေးဘူး....ဖြစ်ချင်တဲ့ ဆန္ဒရှိလာမှ ပြောပြမယ်..."

ချွဲဆွန်းချော အူယားလွန်းလို့ ဘေးနားက ကောင်လေးရဲ့ ခေါင်းကို ဆွဲဖွလိုက်မိတယ်။

ဒီဘယ်ရီသီးသေးသေးလေးမှာ ဘာဆန္ဒကြီးကြီးမားမားတွေ ရှိနေပါလိမ့်။

အဲ့ဒါက ဘာပဲဖြစ်နေပါစေ။ ဘယ်ရီ‌လေးသာ ဖြစ်စေချင်ရင် အရာအားလုံး သူလုပ်ပေးမှာ။

_________________

"ယေးးးးး နောက်ဆုံးတော့ စာမေးပွဲပြီးပြီဟေ့"

ယွန်းဂျောင်ဟန် စိတ်ပေါ့ပေါ့ပါးပါးပါးနဲ့ အော်ဟစ်လိုက်မိတယ်။ ဒီစာမေးပွဲကြောင့် ကိုကိုနဲ့တောင် ဖုန်းမပြောနိုင်ဘူးလေ။ ဘယ်နှစ်ရက်တောင်ရှိပြီလဲ။ သူလွမ်းလှပြီ။

ချက်ချင်းပဲ ဖုန်းထုတ်ပြီး စာပို့လိုက်တယ်။

~~~ယွန်းဘယ်ရီတို့ စာမေးပွဲပြီးပါပြီဗျ~~~~

စာပြန်မပို့လာဘူးဆိုတော့ မအားသေးဘူးဖြစ်မယ်။ ညကျမှ ဖုန်းဆက်လိုက်တော့မယ်။

"ဂျောင်ဟန်နား ငါတို့ မုန့်သွားစားရအောင်....
အမဲသားခေါက်ဆွဲဆိုင်ကောင်းကောင်းတွေ့ထားတယ်"

"သွားရအောင်လေ..."

ဒေးဗစ်ကပါ ထောက်ခံလာတာမို့ သူလည်း ငြင်းစရာလားနော်။ စိတ်ဖိစီးမှုတွေကို အစားအသောက်နဲ့ ပြန်ကုစားရမယ်။

"သွားစို့...."

မီဆိုးလ်ရွေးထားတဲ့ ဆိုင်က ချွဲလုပ်ငန်းစုနဲ့ မျက်နှာချင်းဆိုင်က Mallမှာ။ ယွန်းဂျောင်ဟန် အဆောက်အဦးကြီးကို မော့ကြည့်မိတယ်။ ကိုကိုနဲ့ မတွေ့ရတာကြာပြီ။ မျက်နှာလေးမြင်ချင်ပေမယ့်လည်း ခုတော့ ဒီအဆောက်အဦးကိုပဲ ကြည့်လိုက်ပါအုံးမယ်လေ။

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now