"မလိုက်တော့ဘူး ဒီမှာ လေ့ကျင့်ရေးဆင်းရဦးမယ်"

"မင်းအတွက် ရေနတ်သမီးပန်းတွေ ယူခဲ့မယ်လေ"

"မင်း သဘောပဲ"

ဖုန်းလေး ကျသွားပါသည်။ လေလှိုင်းကလေး ခြားနေရသည်တောင် ဒီလောက် လွမ်းဆွတ်နေလျှင် နိုင်ငံရပ်ခြား ဆိုပါက မတွေးဝံ့နိုင်။

ထို့နောက် ကိုယ့် ရင်ခွင်မဟုတ်သည့် တခြား သူရဲ့ ရင်ခွင်ထဲမှာ...

အချစ်နဲ့ ပတ်သက်လျှင် အတ္တလည်း မထားချင်တော့သည်မို့

"မင်းပျော်နေရင် ပြီးတာပါပဲ။ ရင်ထဲက ဝေဒနာတွေက အချိန်တန်ရင် မင်းအပြုံးနဲ့ ကုစားလို့ ‌ရနေတာပဲ မဟုတ်လား Taehyung ရယ်..."

ကတ္တီပါဘူးကို ထုတ်ကြည့်မိတော့ လက်စွပ်ကလေးက ပိုင်ရှင်မဲ့နေပြီ ဖြစ်၏။
.

.

Toledo ရဲ့ မနက်ခင်းကို Taehyung သဘောကျလာပြီ ဖြစ်သည်။ ဟိုတယ်ကနေ ထွက်လာခဲ့ပြီး ဆရာ့ဆီကို အစောကြီး ကတည်းက ရောက်နေပြီ ဖြစ်သည်။

အခန်းတံခါးကို ခေါက်တော့ ဆရာက အိပ်ချင်နေသည့် မျက်နှာကလေးဖြင့် တံခါးလာဖွင့်ပေးပါသည်။

အထဲကို ဝင်သွား‌လိုက်တော့ သန့်ရှင်းနေသည့် အခန်းကြောင့် စိတ်မကောင်းဖြစ်မိသွားရသည်။ မနက်ဖြန်ဆို ဆရာဟာ Toledo မှာ မရှိတော့ပြီ မဟုတ်ပါလား။

"ကိုယ်က နည်းနည်းနောက်ကျတော့မှ မင်းရောက်လာမယ်လို့ ထင်နေတာ"

"ကိုရိန်းနဲ့ ဖုန်းပြောပြီးတာနဲ့ ဆရာ့ကို လွမ်းနေတာမို့ ချက်ချင်း လိုက်လာခဲ့တာ"

"ကိုယ် လွန်ခဲ့တဲ့ သုံးနာရီကမှ မင်းတို့ ဟိုတယ်ကနေ ပြန်လာတာ မဟုတ်လား။ ကိုယ့်ကို သိပ်သဘောကျနေအောင် ဒီလိုလေးတွေ မလုပ်ပါနဲ့လား ကလေးလေးရဲ့... အကျင့်ဖြစ်သွားလို့ မင်းနဲ့ အချိန်တိုင်း တွေ့ချင်နေရင် ဒုက္ခတော့ များကုန်တော့မှာ"

နှဖူးပေါ်ကို တစ်ချက်နမ်းပြီး ကြင်ကြင်နာနာ စကားလေးတွေ ပြောလာသည်မို့ ကျွန်တော့် ရင်မှာတော့ ပန်းကလေးတွေ ပွင့်နေတော့မည်။

"ပြီးတော့ ကိုယ့်ကို ဆရာလို့ပဲ ခေါ်နေတော့မှာလား တခြား ခေါ်ချင်တာရော မရှိဘူးလား။ ဆရာ ဆိုတာက ‌မင်း ကျောင်းတက်တုန်းကတော့ အဆင်ပြေပေမယ့် အခုလိုကျတော့ တစ်မျိုးကြီးလေ"

Kissing In The Moonlight [Completed]Where stories live. Discover now