"မင်းသားငယ် ဘယ်လို့များ ဒီလိုဖြစ်သွားရတာပါလဲ"

ယဲ့ကျန်းက အော်လိုက်သည်။ သူက အလွန်အမင်းအံ့ဩနေသေးသည်။ သူက မင်းသားငယ်ကို အရိုအသေပေးရန် မေ့သွားလောက်အောင်ပင် စိုးရိမ်မှုပြင်းပြသွား တော့သည်။ သို့ရာတွင် မော့ရုန်ရီဟာ သူမ၏ရိုသေပြမှုကို စိတ်ထဲမထားပါချေ။ သူမကိုသာ အနားလာခိုင်းလိုက်သည်။

"မင်းက ဘာလို့ အခုမှ လာတာလဲ"

ယဲ့ကျန်း၏မျက်ဝန်းထဲတွင် သနားမှုက ထင်ရှားစွာထွက်ပေါ်လာသည်။

သူမ နှလုံးသားထဲတွင် နာကျဉ်းမှု၊ လက်သင့်မခံနိုင်ဘူး၊ စိုးရိမ်မှုတို့က ပြည့်နှက်နေပြီဖြစ်သည်။ သူမအနေဖြင့် မော့ရုန်ကျန်းကို အလွန် မုန်းတီးသည့်တိုင်အောင် မော့ရုန်ကျန်းနှင့်မော့ရုန်ရီကို ထိုမျှ ခပ်မြန်မြန်မသေစေချင်ခဲ့ချေ။ ထိုကလေးဟာ ဘာမှ အမှားမလုပ်ခဲ့ချေ။ ထို့ကြောင့် သည်လိုကံကြမ္မာမျိုးနှင့် မဆက်ဆံခံရသင့်ချေ။

"မင်းသားငယ်ရဲ့ဖျားနာမှုက သခင်မလေးလု ညွှန်ပြပေးခဲ့တာကြောင့် မဟုတ်ရင် သတိထားမိမှာမဟုတ်ပါဘူး၊ မဟုတ်ရင် အရှင့်သားအနေနဲ့ ဝမ်းတွင်းအသားပိုရောဂါကို ခံစားနေရမှန်း ငါ သိအုံးမှာမဟုတ်ဘူး"

ချီကျင်းကပြောသည်။ ထိုအခါမှသာ ယဲ့ကျန်းဟာ အနားတွင် ချီကျင်းရှိနေကြောင်း သတိထားလိုက်မိသည်။ ထိုနည်းအားဖြင့် သက်လတ်ပိုင်းအရွယ်ရှိသော အမျိုးသမီးကို မြင်သောအခါ သူမက အံ့ဩသွားသည်။

"ရှင်က"

"မိန်းကလေးလု ငါတို့ ထပ်တွေ့ကြပြန်ပြီ"

ချီကျင်းက ပြုံးလိုက်သည်။ ယဲ့ကန်း၏မျက်နှာဟာ ဆရာမရှေ့သို့ ရောက်သွားသဖြင့် ဦးညွှတ်လိုက်ပြီးနောက် မျက်နှာကြောကလည်း လျော့သွားသည်။

"ဒီကျောင်းသူက တော်ဝင်သမားတော်ချီကျင်းကို ဂါဝရပြုပါတယ်"

သူမက ချီကျင်းနှင့် နောက်ဆုံးအကြိမ်တွေ့ခဲ့စဉ်က ချီမျိုးရိုးနာမည်အကြောင်းကိုသာ ကြားသိရခဲ့ပြီး တော်ဝင်နန်းတော်ထဲမှ မင်းသားငယ်ကို ကုသသော မျိုးရိုးနာမည်တူသောလူဟု မထင်ခဲ့မိချေ။ သို့သော် တစ်ဖက်သူက တစ်ယာက်တည်းဖြစ်နေကတည်းက ချီကျင်းသာဖြစ်မည်မှန်း နားလည်လိုက်ရတော့ လေသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now