"အင်း!"

ရှောင်ကျန့်က မြို့အုပ်၀မ်ရဲ့လက်ကိုတွဲလို့ကားပေါ်တက်လိုက်သည်
မြို့လယ်မှာရှိတဲ့ လော့ယန်မြို့ရဲ့ ကောလိပ်စီသို့ ။

"မြို့အုပ်၀မ် အဲ့ရောက်ရင်လေ...ကျန့်ကျန့်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်သိလား"

"အင်း..."

"မြို့အုပ်၀မ်....အဲ့ရောက်ရင်လေ...."

"...."

"ကျန့်ကျန့်တို့တွေ...တစ်ကယ်...တစ်ကယ်ချစ်ပြီးလက်ထပ်ထား
တဲ့သူတွေလိုမျိုး ခဏဟန်ဆောင်ကြရအောင်နော်..."

"...."

"မြို့အုပ်၀မ် နဲ့ယူရတာ ဘယ်လောက်ထိ ကံကောင်းပြီး ကျန့်ကျန့်
ပျော်ရွှင်ရကြောင်းကို ကောလိပ်တစ်ခုလုံးရှေ့မှာပြချင်လို့ပါ...."

"....."

"မြို့အုပ်၀မ် နေရခက်နေရင်တောင်မှ....ဘာမှမပြောဘဲနဲ့ ဒီအတိုင်း
နေပေးပါ.... အထဲရောက်ရင် ပြောမဲ့စကားတွေ အပြုအမူတွေ
အတွက် ကြိုပြီးတောင်းပန်ထားမယ်နော်"

"....."

ရှောင်ကျန့်လေသံတွေက အရင်လိုတက်တက်ကြွကြွနဲ့မဟုတ်ဘဲနဲ့
သူ့ကိုတစ်ကယ်အလေးအနက်တောင်းဆိုနေသလိုမျိုးလေသံလေး
ကခပ်အေးအေး‌နဲ့ပြောနေသည်မို့ မြို့အုပ်၀မ်ကြောင်သွားရပေ
မဲ့ဘာမှမဖြစ်သလိုသာနေလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

‌အတော်ကြာသွားလိုက်ရပြီးတဲ့နောက်မှာတော့ ပွဲကျင်းပရာ
ဘွဲ့နှင်းသဘင်ရဲ့ခပ်လှမ်းလှမ်းမှာကားရပ်လိုက်သည် အရှေ့မှာ
လဲကားတွေရပ်ထားတာမို့ရှေ့ဆက်မဖြစ်တော့ပါ ။

"သွားရအောင်..."

"အင်း"

ဘွဲ့နှင်းသဘင်ထဲကိုမ၀င်မှီမှာ အရှေ့မှာနာမည်တွေကိုအော်ရွတ်
ပြရသူကရပ်စောင့်နေသည် ပုံမှန်ဆိုဒီလိုမရှိပေမဲ့လည်း ဘာလို့
ထားမယ်မှန်းမသိပါ ကြည့်ရတာ ဆရာကြီးလက်ချက်ထင်ပါတယ် ကိုယ့်တပည့်လေးတွေဘွဲ့ရပြီး
ဘယ်အမတ်ရာထူးမှာရနေတဲ့အကြောင်း၊ဘယ်လုပ်ငန်းရှင်ဖြစ်နေ
ပြီဆိုကြောင်း၊ ဘယ်ဌာနမှာ ရာထူးရနေပြီဆိုတဲ့အကြောင်း
တွေကို အော်ပြော‌ဖို့အတွက်
နာမည်ဖတ်သူကို ထားတာဖြစ်ပါလိမ့်မည်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now