3. Perfect Lovers ✔

887 96 30
                                    

အစည်းအဝေးရှိသည်မို့ ဒီနေ့တော့ ဂျောင်ဂု အိမ်ပြန်နောက်ကျသည်။ မှောင်ရီပျိုးစအချိန်သာ ဖြစ်သေးသော်လည်း အုံ့မှိုင်းမှိုင်း မိုးတိမ်တောင်တို့ကြောင့် ပတ်ဝန်းကျင်ဟာ ပို၍ မှောင်ရိပ်သန်းနေသည်။ မိုးလေဝသ ခန့်မှန်းချက်အရလည်း မိုးထစ်ချုန်းရွာမည်ဆိုသည်ကြောင့် အိမ်အမြန်ပြန်ဖို့သာ တာဆူနေခဲ့ပါသည်လေ။

"ဂျောင်ငယ်!"

"ဟင် ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ"

တိုက်ရှေ့သို့ ရောက်ရောက်ချင်းမှာပင် ရင်းနှီးနေသည့် ပုံရိပ်ကြောင့် ဂျောင်ဂု ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ ရက်အတန်ကြာ အရိပ်အယောင်ပျောက်သွားခဲ့သည့်လူက ရာသီဥတုဆိုးမည်ဆိုသည့် ကြေညာချက်ကို မသိသည့်အလား ထီးပင် မပါပဲ စောင့်၍နေသည်လေ။

"ကိုယ်တို့ စကားပြောရအောင်"

"ကျနော်တို့ ပြောစရာ ကုန်ပြီ ကင်မ်ထယ်. ခင်ဗျား ပြန်လိုက်ပါတော့"

"ဟင့်အင်း ကိုယ့်မှာ ပြောစရာတွေ ရှိသေးတယ်"

စကားမပြောချင်သေးသည်ကြောင့်ရော ရာသီဥတုဆိုးမည်ကြောင့်ရော အပြန်နှင်မိသော်လည်း ခေါင်းမာသူဟာ လက်လျှော့မည့်ပုံ မပေါ်။ ထို့ကြောင့်ပင် နောက်ဆုံးလက်နက်ဖြစ်သော စကားကို ထုတ်သုံးမိသည်။

"ကျနော် နားမထောင်ချင်တော့ဘူး... ပင်ပန်းနေပြီ"

"ဒါဆို နားပြီးရင် ထွက်ခဲ့ပါ။ ကိုယ်စောင့်နေမယ်"

"မစောင့်နဲ့။ မိုးရွာတော့မယ်။ ခင်ဗျားပဲ မိုးရွာရင် ဖျားတတ်တယ်ဆို? ပြန်တော့"

ထို့လူ့ မျက်ဝန်းများ အနည်းငယ်လှုပ်ရှားသွားသော်လည်း သည်တခေါက်တော့ အရင်ကလို နောက်ဆုတ်မည့်ပုံ မပေါ်ပါလေ။ သို့သော်လည်း မိုးရွာတော့မည် မဟုတ်လား။ ဂျောင်ဂု လျစ်လျူရှုပြီး ထားခဲ့လျှင်တော့ ဒီလူ ပြန်ကောင်းပြန်လောက်ပါသည်လေ။

"ဂျောင်ငယ် ကိုယ်စောင့်နေမယ်နော်!"

ဂျောင်ဂု ကျောခိုင်းသွားသည့်တိုင် မကြားကြားအောင် အော်ပြောသည့် ကင်မ်ထယ့်စကားကို မသိချင်ယောင်ဆောင်ကာ တိုက်ပေါ်တက်လာခဲ့၏။ ပစ္စည်းများကို နေရာချကာ အဝတ်အစားလဲပြီးချိန်တွင်တော့ မိုးရွာချလာသည်မို့ စောင့်နေမည်ဆိုသည့် ထိုလူကိုပင် စိတ်ပူသွားမိသေးသည်။ သို့သော်လည်း ဒီအချိန်မှတော့ ပြန်သွားလောက်ပါပြီလေ..

You've reached the end of published parts.

⏰ Last updated: Dec 10, 2023 ⏰

Add this story to your Library to get notified about new parts!

Strangers in Disguise✔Where stories live. Discover now