"ဘာလို့လဲ စိတ်ဆိုးသွားတာလား.. "

မျက်နှာပြန်လွှဲကာပြောလိုက်မိတဲ့ ကိုယ့်စကားကို သတ္တိကတော့ သူ့အထင်နဲ့သူ စိုးရိမ်ဟန်ဖြင့်မေးလာတာကြောင့်

"အင်း...
စိတ်ဆိုးတယ်...
အဲ့ဒီ့မျက်စောင်းက
တခြားသူတွေနဲ့ပြောရင်လည်း ထိုးနေတတ်လို့လေ"

"အာ "

ပြောလိုက်ပြီးမှ ကိုယ့်စကားက အရမ်းတည့်တိုးဆန်သွားလားလို့ လပြည့် ​တွေးလိုက်မိပေမယ့်...
ပြောပြီးသားစကားကိုလည်း ပြန်မရုတ်သိမ်းချင်...
သူ့ပင်ကိုယ်ပုံစံကကို ပျော့ပျောင်းလွန်းတဲ့ သတ္တိက ဘယ်သူနဲ့မဆို နူးနူးညံ့ညံ့လေး ပြောဆိုဆက်ဆံတတ်ပြီး
အဲ့လို အမူအရာလေးကလည်း သူ့ရုပ်ရည်သွင်ပြင်နဲ့ အပိုအလိုမရှိကွက်တိကျနေကာ ချစ်စရာကောင်းလွန်းတယ်မဟုတ်လား...

တခြားလူတွေရှေ့မှာတော့ ဒီလောက်ချစ်စရာကောင်းနေလို့မဖြစ်...

အခုလည်း ငဲ့ကြည့်လိုက်ရုံနဲ့ ကိုယ့်စကားကြောင့် မျက်နှာပူသလို ရှို့တို့ရှန်းတန်းဖြစ်နေပုံက ကိုယ့်ကို သဘောကျတယ်လို့ ပြောဖူးသူက သူမဟုတ်သလိုပင်...

ရိုးရာကတိနဲ့ ရိုးရာသတ္တိက ညီအစ်ကိုအရင်းတွေဖြစ်ပါလျှက်နဲ့ သေချာကြည့်လေ ဘယ်နေရာမှမတူလေ...

"မင်းက... အမေနဲ့တူတာလား "

"ဟမ် "

"အဲ့လိုလည်း မဟုတ်ဘူးပဲ..
မင်းအဖေနဲ့လည်း တချို့နေရာတွေတူပါတယ်...
ဒါပေမယ့် မင်းတို့ညီအစ်ကိုနှစ်ယောက်က ဘာလို့ ဒီလောက်မတူရတာလဲ "

သတ္တိကို ကြည့်နေရာကနေ အတွေးက ဘေးချော်သွားပြီး လပြည့် မေးလိုက်မိတာဖြစ်ပေမယ့်
သတ္တိကတော့ အကြပ်အတည်းက လွတ်သွားပုံနဲ့

"ငါတို့ ညီအစ်ကိုနှစ်ယောက်လုံးက အဖေနဲ့အမေ တဝက်စီတူကြတာလေ "

"ဒါဆို မင်းတို့နှစ်ယောက်လည်း တူနေရမှာမဟုတ်လား "

သတ္တိစကားကြောင့် လပြည့် နားပိုရှုပ်သွားကာ မေးလိုက်မိတော့

"အဲ့လိုလည်း မဟုတ်သေးဘူးလေ...
ဒီလိုကွာ....
ကိုကိုက အရပ်မောင်းနဲ့ အသားရောင် ဖေဖေနဲ့တူပြီး မျက်နှာအစိတ်အပိုင်းတော်တော်များများက မေမေနဲ့တူတယ်...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now