ရထားလုံးဟာ ဆေးခင်း၏အပြင်ဘက်တွင် ရပ်နားထားသည်။ မည်သည့်ကျောင်းသူမှလည်း ပတ်ဝန်းကျင်တွင်မရှိချေ။ မိန်းမစိုးဖူ မရောက်လာခင်က ကျောင်းသူများအားလုံးက အဝေးသို့ မောင်းထုတ်ခံရပြီးသားဖြစ်သည်။ ဖြစ်နိုင်သည်မှာ အချို့လူများကို ယဲ့ကျန်း နန်းတော်သို့ ခေါ်ထုတ်ခံရသည့်သတင်းကို မသိစေချင်ဟန်ရသည်။

ယဲ့ကျန်းဟာ ထိုစီစဉ်မှုကြောင့် အလွန်သဘောကျသွားသည်။ သူမကလည်း တော်ဝင်နန်းတော်သို့ သူမ ဝင်ရောက်ခြင်းကို အခြားလူများသိသွားမည့်အရေးကို မလိုချင်ချေ။ အထူးသဖြင့် လုဝူရွှမ်းဖြစ်သည်။ မော့ရုန်ကျန်းနှင့်သက်ဆိုင်ခြင်းမရှိလျှင်ပင် ဝမ်ဖေး၏နားအတွင်သို့မရောက်လျှင် အကောင်းဆုံးဖြစ်သည်။

ယဲ့ကျန်းဟာ ရထားလုံးပေါ်သို့ တက်လိုက်ပြီးနောက်တွင် မိန်းမစိုးဖူက မင်းသားငယ်က သူမကို တွေ့ချင်သည့်အကြောင်းကိုသာ ပြောထားခြင်းကို သတိရသွားသည်။ သူဟာ နာမကျန်းဖြစ်သောကြောင့် မယ်တော်ကြီးဟာ ထိုသို့တောင်းဆိုခြင်းဖြစ်လောက်သည်။

မော့ရုန်ရီက ဘာဖြစ်တာလဲ။

ယခင်တစ်ခေါက် သူမက တော်ဝင်နန်းတော်သို့ဝင်ခဲ့ချိန်က သူဟာ ဖျားနာပြီးမသက်မသာဖြစ်နေကြောင်း သိလိုက်ရသည်။ မယ်တော်ကြီးကလည်း နောက်ထပ်တော်ဝင်သမားတော်တစ်ယောက်ကို ကုသခိုင်းမည်ကို ပြောထားခဲ့သေး သည်။

သူက မသက်သာသေးဘူးလား။

ယဲ့ကျန်းက ရုတ်တရက် ခံစားချက်မကောင်းတော့ချေ။ သူမက တိတ်ဆိတ်သွားသည်။ သူမက နှစ်နှစ်အတွင်း မော့ရုန်ရီနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပြန်တွေးကြည့်သည်။

ထိုသို့နန်းတော်အတွင်းတွင် လေလွင့်ဝိဉာဉ်တစ်ကောင်အနေဖြင့် လှည့်လည်သွားလာနေချိန်အတောအတွင်း မော့ရုန်ရီနှင့်ပတ်သက်သော မည်သည့် သတင်းကိုမျှ မရခဲ့ချေ။ ထို့နောက် သူမဟာ အချိန်တိုင်းလိုလို ဒေါသတကြီးဖြစ်နေခဲ့ပြီး မော့ရုန်ကျန်းအနောက်ကိုသာ အရိပ်လိုလျှောက်လိုက်နေခဲ့ခြင်းဖြစ်သည်။

အခြားလူများနှင့်ပတ်သက်သော သတင်းများကို သူမ သိရှိရရန်မကြိုးစားခဲ့ချေ။ သူမဟာ သစ္စာဖောက်ခံရခြင်းတွင် ပြင်းထန်သည့်ထိုးနှက်ချက်ကိုသာ ထပ်ခါတလဲလဲ ခံစားနေခဲ့ရခြင်းဖြစ်သည်။ ယဲ့ကျန်းဟာ အခြားကိစ္စများကို အာရုံမစိုက်ခဲ့ချေ။

နတ်ဆေးသမားတော် ယဲ့ကျန်းHikayelerin yaşadığı yer. Şimdi keşfedin