"ကျန့်ကျန့်လဲလိုက်မယ်...လိုက်၀ယ်ပေးနော်"

"ဟင်း....လိုက်ခဲ့"

"ဟုတ်ကဲ့!"

ကုန်သည်ဈေးလို့အမည်ရသောနေရာက ဆိပ်ကမ်းနဲ့မနီးမဝေးသွားရပါတယ် ဒီနေရာက အခြားအနောက်
နိုင်ငံကပစ္စည်းတွေကပါ တင်သွင်းတဲ့နေရာဆိုတော့ ဈေးကြီးတယ်။

"ရောက်ပါပြီဗျ..."

"ရေး! မြို့အုပ်၀မ်လာလေ..."

မြို့အုပ်၀မ်သက်ပြင်းချကာ ကားပေါ်ကနေဆင်းလိုက်တော့ ရှောင်ကျန့်ကသူ့လက်ကိုဆွဲလို့ အရှေ့ကနေခေါ်သွားသည် ဈေး
ဆိုင်တိုင်းလူကြပ်နေသည်မှာပုံမှန်ပင်။

"ဘယ်ဆိုင်အရင်၀င်ရမလဲ....မြို့အုပ်၀မ်....ရွေးလေ"

"အင်း...ကိုယ်ကတော့....."

"အိုး! ဘယ်သူများလဲလို့ ရှောင်ကျန့်ပါလား ... မတွေ့ရတာနည်းနည်းကြာနေပြီနော် boy..."

"ဟာ...ယွမ်ချင်း  ၀မ်းသာပါတယ်..."

ဘယ်ကပေါ်လာလေမှန်းမသိသော အမျိုးသမီးတစ်ယောက်က
ရှောင်ကျန့်ကို ရီရီမောမောနဲ့ဖက်ပြီး နူတ်ဆက်တယ် ရှောင်ကျန့်လဲရီရီမောမောပါပဲ။

"မနက်ဖြန်မှ တွေ့မယ်နော် boy"

ရှောင်ကျန့် နဖူးကိုလက်နဲ့တောက်ကာ ခါခါ နဲ့ယပ်တောင်ကိုယမ်းလို့
ထွက်သွားလေသော သူမရဲ့အနောက်မှာ အစေခံနှစ်ယောက်လောက်က အိတ်တွေကိုယ်စီဆွဲလို့ ။

"သူမက စောက်ကျင့်မကောင်းဘူးသိလား မြို့အုပ်၀မ်...."

"...."

ခုနကပဲ ၀မ်းသာတယ် ရီရီမောမောနဲ့နူတ်ဆက်နေသောသူက
ဟိုမိန်းကလေးထွက်သွားပြီးတော့‌မှ ဘေးနားလာပြီး အတင်းလာ
တုပ်သည် ။

"ကျောင်းမှာဆို အနိုင်ကျင့်တာသိလား...."

"...."

"သူကလေ ဒီလော့ယန်မြို့မှာရှိတဲ့ ယောကျာ်းချောချောတိုင်းကို
လိုက်ကပ်တာသိလား...ကျန်းစစ်တောင်ပါသေး ကျန့်ကျန့်ဆိုရင်
လေ မကောင်းတတ်လို့သာ ဖော်ရွေပြနေရတာသိလား...."

"...."

"မြို့အုပ်၀မ်ကိုတောင် မခေါ်သွားချင်တော့ဘူး တော်ကြာနေလေ
ကျန့်ကျန့်ယောကျာ်းရဲ့ချောမောမူ့တွေကို ကြည့်ပြီး လာကြိုက်နေဦးမယ်"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now