အကြီးမားဆုံးကတော့ ထိုကောင်လေးကို လက်လွှတ်မိခဲ့ခြင်းသာ ဖြစ်သည်။

တည်းခိုသည့် ဟိုတယ်က ပြတိုက်နဲ့ မလှမ်းမကမ်းမှာမို့ ရှေ့ကို လှမ်းမြင်နေရပါသည်။ တစ်ယောက်တည်းသာ လာခဲ့သည်မို့ ယခုအချိန် ဟိုတယ်ကို ပြန်ရောက်လည်း တစ်ယောက်တည်း ဖြစ်နေဦးမည်ပင်

အငယ်တွေက Toledo ကို အနှံ့ပတ်နေပြီမို့ ဟိုတယ်မှာ လူတောင် ရှိမည် မထင်ပါ။

ကားလမ်းကူးရန် ရပ်စောင့်နေလိုက်ချိန် မိုးစက်တွေက စီးကျလာသည်။ မှိုင်းညို့ညို့ ကောင်းကင်ကို မော့ကြည့်မိတော့ မျက်နှာပေါ်ကို ရေစက်တွေ ကျလာ၏။

Toledo မှာ ဘယ်အချိန် မိုးရွာသလဲ မသိပေမယ့် ဒီလိုပဲ ထီးမရှိချိန် ကံဆိုးမိုးမှောင် ကျရပြန်ပါသည်။

လူတချို့က ထီးထုတ်ဆောင်းကြပြီး တချို့ကတော့ ကျွန်တော့်လို ပေတေပြီး ‌မိုးရေထဲ ရပ်လို့ နေပါသည်။

မီးစိမ်းသွားပြီး လမ်းကူးမည် ပြင်တော့ ကျွန်တော့်အပေါ် ကျနေသည့် မိုးစက်တွေဟာ ရပ်တန့်သွားသည်။

ခေတ္တမျှ အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ မိုးရွာနေဆဲ..

"မိုးမိရင် နေ‌မကောင်း ဖြစ်လိမ့်မယ်"

လှည့်ကြည့်လိုက်မိတော့ အညိုရောင် အနောက်တိုင်း ဝတ်စုံနဲ့ ကလေးလေး ရောက်နေခဲ့တာဖြစ်သည်။ ထီးအနီကို ကျွန်တော့်ဘက် တိုးလို့ ဆောင်းထားပေးသည်မို့ ကုတ်အင်္ကျီရဲ့ ညာဘက်ခြမ်းမှာ ရေတွေ ရွှဲကုန်သည်။

"မင်းရောက်လာတယ်"

"နောက်ကျသွားလို့ တောင်းပန်ပါတယ်"

"မင်းကို တွေ့နိုင်ဖို့ နောင်ဘဝတွေအထိ စောင့်နိုင်ပါတယ် အဓိက က တွေ့ရဖို့လေးပါပဲ"

တစ်ဖက်ခြမ်းမှာ မီးနီသွားပြန်ပါသည်။ ကားတွေက အလျှိုလျှို ဖြတ်မောင်းသွားပြီး ရေအိုင်တွေမှ ရေတွေဟာ ဒီဘက်ခြမ်းကို လာစင်ပါသည်။

ရုတ်တရက်မို့ ထိုကောင်လေးရဲ့ ကျောပြင်လေးကို ဆွဲသွင်းလိုက်ပြီး ခေါင်းကလေးကို အုပ်ကိုင်လိုက်ကာ ရင်ခွင်ထဲ ထည့်လိုက်ရပါသည်။

Kissing In The Moonlight [Completed]Where stories live. Discover now