"ဟုတ်တယ် ကိုကို့ကိုချော့ချင်တာနဲ့ ညစာချက်ကျွေးမလို့"

"ဟင် Jeonကချက်ကျွေးရမှာလား"

ငါလင်ကချက်ကျွေးတာသူမျက်နှာဘာဖြစ်တာ
ဖင်ကင်းကိုက်သွားလို့ ရှုံ့တွသွားတဲ့အတိုင်းပဲ စကားပြောတဲ့အသံကိုက မနှဲလေး အာစေးကပ်နေတဲ့ အသံနဲ့ စိတ်ညစ်စရာတွေ

"ဟုတ်တယ်လေဘာဖြစ်လို့"

"Yuriနဲ့သာယူရင် တို့ကပဲအမြဲချက်ကျွေးမှာ
Jeonကထိုင်စားရုံပဲ"

"ကိုယ်ကတခါမှချက်မကျွေးဖူးဘူး အခုက
ရန်ဖြစ်ပြီး ပြန်တည့်ခါစမို့ ကိုကို့ကို ချော့တဲ့
သဘောနဲ့ ချက်ကျွေးတာ အခါတိုင်းက ကိုကိုပဲ
ချက်ကျွေးတာ"

"သြော် ရန်ဖြစ်ထားတာလား နောက်ခါအဆင်
မပြေရင် ရင်လာဖွင့်လို့ရတယ်နော် Yuriက
အားနေတော့ နားထောင်ပေးလို့ရတယ်"

အံ့မယ် ငါ့လင်ကို ပေါ်တင်စနိုက်ကြောင်နေတာက
တွေ့ကျသေးတာပေါ့ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတာပေါ့

ထယ်ယောင်းလဲ Jungkookလက်ကိုဆွဲပြီး အနောက်ပို့ကာ Yuriဆိုတဲ့ ကောင်မလေးရှေ့
သူရပ်လိုက်တယ်

"Jungkookမှာ သူငယ်ချင်းတွေရှိတယ် သူတို့ကို
ကျော်ပြီး မင်းကိုရင်လာဖွင့်ရအောင် မင်းက
သူ့သူငယ်ချင်းတွေလောက် ဘာအားကိုးရလဲ
ဘာတွေသာနေလို့လဲ ထိုင်နားထောင်တာ လူတိုင်းလုပ်တတ်တယ်"

"Yuriက သဘောပြောပြတာပါ"

"သဘောလဲမပြောနဲ့ မသဘောလဲမပြောနဲ့ မင်းရဲ့
စကားလုံးက ဘယ်အဆင့်ကိုလှမ်းနေတယ်ဆိုတာ
ငါသိတယ် သဘောမနောတအားကောင်းရအောင်လဲ
ငါ့လူက အသိုင်းဝိုင်း သူငယ်ချင်းမရှိတဲ့လူ
မဟုတ်ဘူး  အဲ့လောက်သဘောကောင်းနေရင်
အိမ်ခြေရာမဲ့ကလေကချေတစ်ယောက်ကို ကောက်ယူပြီး သူစိတ်ညစ်စရာတွေ ထိုင်နားထောင်ပေးနေလိုက်လေ ငါ့လူကိုစိတ်မပူနဲ့
ငါတစ်ယောက်လုံးရှိတယ်"

"ရှင်~~ရှင်."

"နေအုန်းငါပြောလို့မပြီးသေးဘူး မိန်းကလေးမို့
လက်မပါတာနော် အိမ်ထောင်ရှိတဲ့ ယောင်္ကျား
တစ်ယောက်ကို လာမြူစွယ်တာတော့ မင်းလွန်တာပေါ့ မိန်းကလေးရာ ငါလူမှာ စိတ်အဆင်မပြေစရာ
ဘာအကြောင်းမှမရှိဘူး အိမ်ထောင်သည်ဘဝက
ဒါမျိုးပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပဲ သူအဆင်မပြေလဲ ထိုင်နားထောင်မဲ့ငါရှိတယ် သူ့သူငယ်ချင်းတွေ
ရှိတယ် ဘာမှလက်ဖက်စိမ်းဝင်လုပ်မနေနဲ့ တခါတည်းပြောလိုက် သတိပေးတာဆိုလဲမမှားဘူး
ငါ့ယောင်္ကျားနဲ့ခပ်ဝေးဝေး ခပ်ကင်းကင်းနေပါ
ကင်းနိုင်သမျှ ကင်းအောင်နေ လမ်းမှာတွေ့တောင်
မမြင်ချင်ယောင်ဆောင်သွားလိုက်"

Step-Brother⚠️ [Completed]Where stories live. Discover now