ထယ်ယောင်း စိတ်မပါတပါနဲ့ အလုပ်ကို
လုပ်နေရတယ် သူအရှေ့မှာ ကွန်ပျူတာကို ကြည့်နေသော်လည်း သူမြင်ကွင်းထဲမှာ kookieကိုပဲ မြင်နေသည် သူအခုရောက်နေတာက hotelဆောက်ဖို့
အစည်းဝေးလုပ်နေတာပင် သိစိတ်က ဒီဟာကို
သိတယ် မသိစိတ်က kookieကိုပဲ သတိရနေမိသည်"သူဌေး သူဌေး"
"ဟမ်...အင်း ပြောလေ"
"ဖုန်းလာနေတယ်"
"အော ခဏနော်"
ဖုန်းကိုင်လိုက်ပြီး တစ်ဖက်က ပြောလိုက်တဲ့ စကားကြောင့် လူ့ကိုအမောစို့ပြီး အသက်ရှူတောင် မြန်လာသည်
"ကျတော်အရေးကြီးကိစ္စရှိလို့ ခွင့်ပြုပါအုန်း"
"သူဌေး အစည်းဝေးက"
"အဆင်ပြေသလိုလုပ်ကြပါ နောက်ရက်ကျ အကျိုးကြောင်းကို ငါ့ပြောပြ"
"ဟုတ်ကဲ့ပါ"
ထယ်ယောင်းလဲ သူရဲ့ဖုန်းနဲ့ အပေါ်ဝတ်အင်္ကျီကို
ဆွဲယူပြီး ကားအမြန်မောင်းကာ jungkookရဲ့
ကျောင်းကို လိုက်သွားခဲ့တော့သည်ခုနကဖုန်းဆက်တာ jungkookတို့ကျောင်းက
ကျောင်းအုပ်ကြီးဖြစ်သည် jungkook ရန်ဖြစ်တာတဲ့ အိမ်ကိုမဆက်ချင်လို့ သူဆီဆက်ခိုင်းတာဆိုလို့ ဆက်ပြီးလှမ်းခေါ်တာတဲ့ထယ်ယောင်းကျောင်းကို ရောက်သွားတော့ ကားထဲကနေ ကျောင်းအုပ်ကြီး ရုံးခန်းကို အမြန်ပြေးသွားလိုက်တယ် သူရင်တွေပူနေတာ
သူကိုယ်သူပဲသိတယ် ရုံးခန်းထဲရောက်တော့
Jungkookရဲ့ဘေးမှာလွတ်နေတဲ့ခုံမှာ ဝင်ထိုင်လိုက်တယ်"မင်း ဘာဖြစ်သွားသေးလဲ"
"ခေါင်းနှစ်ချက်ချုပ်လိုက်ရတယ်"
"ဘာ!!! မင်းကနှစ်ချက်တောင် ဟိုဘက်က ကောင်ရော ဘာမှမဖြစ်ဘူးလား"
"သူက ဆေးရုံရောက်သွားပြီ"
"သြော်"
ကျောင်းအုပ်သက်ပြင်းတွေပဲချမိတော့တယ် ခံဝန်လက်မှတ်ရယ် နောက်ဒါမျိုး မဖြစ်ဖို့ရယ်
ဆုံးမခိုင်းဖို့ လူကြီးခေါ်ခိုင်းတာကို ဟိုဖက်က
ဘာမှမဖြစ်ဖူးလားနဲ့ လာတွေ့နေတာ ဘယ်လိုဟာတွေပါလိမ့်
YOU ARE READING
Step-Brother⚠️ [Completed]
Romanceညီအစ်ကို ဟုတ်လား အဲ့ဆို ဘာလို့ညီအစ်ကိုလို မခံစားရတာလဲ ညီအစ်ကိုဆိုရင်ခုန်ပါမလား သူကိုတွေ့ရင် ရင်က ကဆုန်ပေါက် ခုန်ပြီ အဲ့တာညီအစ်ကိုမို့ ဖြစ်နိုင်ပါမလား ဘယ်နည်းနဲ့မှ ငါတို့နှစ်ယောက်က ညီအစ်ကိုမဖြစ်နိုင်ဘူး! Waringပေးပါတယ် 18+မပြည့်လဲ ဖတ်မှာသိပင်မဲ့ သတိက...