7.⚠️

12.6K 636 81
                                    

ထယ်ယောင်း ကမ်းခြေမှာ Hotelဆောက်ဖို့ရာ
ရှယ်ရာရှင်တွေနဲ့ အစည်းဝေးရှိတာကြောင့် လိုတာယူပြီး စားပွဲခန်းမကို အမြန်ထွက်သွားလိုက်တယ် Jungkookက
ရေချိုးနေတော့ ဒီတိုင်းပြောထားခဲ့လိုက်တယ်

ဟိုရောက်တော့ အရင်စားကြသောက်ကြတာမို့
အချိန်ကတော်တော်လေးကို ကြာနေပြီ သူတို့ကြာတာ ကိစ္စမရှိဘူး Jungkookစိတ်က
သိရတာမဟုတ်ဘူး လိုက်လာပြီးပြဿနာ ရှာနေမှ
အခွင့်ရေးတွေလက်လွတ်ကုန်မှာရယ်

ခဏနေတော့ သူတို့မြေနေရာ ဈေး ပစ္စည်းတွေ
ကိစ္စအကုန်တိုင်ပင်နေကြတယ် ပြီးတော့ သူမျှော်လင့်နေတဲ့အချိန်ကို ရောက်လာတယ်

"ကျေးဇူးပါ Kim Taehyung အန်ကယ်တို့နဲ့
ပူပေါင်းပေးလို့ မင်းလိုကုမ္ပဏီကြီးနဲ့ ပူပေါင်းရတာ
အန်ကယ်ဝမ်းသာမဆုံးပဲ"

"ကျတော်ရောပါပဲဗျာ အခုလိုပူပေါင်းခွင့်ပေးတဲ့
အန်ကယ်ကို ကျတော်ကပြန်ကျေးဇူးတင်ပါတယ်"

"ဒီလိုပါပဲအလုပ်ဆိုတာ အခုတော့အန်ကယ်တို့က
ကျွန်းကိုင်မှီ ကိုင်ကျွန်းမှီပေါ့ကွာ"

"ဟုတ်ပါတယ်ဗျာ အဲ့ဆိုကောင်းသောညချမ်းလေးပါဗျာ ကျတော်နားချင်နေပြီးမို့"

"ကောင်းကောင်းအနားယူပါ Taehyung Shii"

ထယ်ယောင်းလဲသူအခန်းကိုပြန်လာတော့ Jungkookရှိမနေဘူး သူလဲအပေါ်ဝတ်ကုတ်
ချွတ်ပြီး အပြင်ထွက်လိုက်တော့ ကမ်းခြေမှာ
ရပ်နေလို့ သူလဲ အခန်းထဲကနေ ကော်ဖီတစ်ခွက်ဖျော်ပြီး အဲ့နားလျှောက်သွားလိုက်တယ်

"Jungkookဘာထွက်လုပ်နေတာ"

"အခန်းထဲနေရတာ ပျင်းသလိုရှိလားလို့ ကမ်းခြေလမ်းထွက်လျှောက်တာ ကိုကိုရော
အစည်းဝေးကပြီးပြီလား"

"အင်းပြီးပြီ မနက်နေရာသွားကြည့်ရမှာ နေ့လည်ပိုင်းလောက်ပေါ့"

"သြော်..."

သူတို့2ယောက်ကြား တိတ်ဆိတ်သွားလို့ ထယ်ယောင်းလဲ သူလက်ထဲက ကော်ဖီခွက်ကို
တစ်ငုံသောက်လိုက်တယ်

"ကိုကို"

ထယ်ယောင်းကော်ဖီသောက်ရင်း Jungkookကို
လှည့်ကြည့်လိုက်တယ် ဘာမပြောညာမပြောနဲ့
သူခါးကိုလှမ်းဆွဲပြီး ချစ်တယ်လို့တခွန်းပြောပြီး
နှုတ်ခမ်းထပ်ဆီကိုကျရောက်လာတဲ့ ပြင်းရှရှ
အနမ်းတစ်စုံ

Step-Brother⚠️ [Completed]Where stories live. Discover now