Part-1

12.1K 570 10
                                    

"ကဲ...ကဲ......အားလုံးreadyဖြစ်ပြီလားး??
readyဖြစ်ရင် gaja!gaja!!..."

Leaderကြီး Suho၏စကားသံဆုံးသည်
နှင့်တစ်ပြိုင်နက် တစ်ဖွဲ့လုံး
တဟေးဟေးတဟားဟားနှင့်ဆူညံစွာ
ကိုယ့်အိတ်ကိုယူ၍ ပခုံးမှာချိတ်တဲ့သူကချိတ်
လက်မှာတန်းလန်းဆွဲတဲ့သူကဆွဲ
ကျောမှာအကျအနပိုးတဲ့သူကပိုးဖြင့်
မျက်စိနောက်စရာကြီးဖြစ်သွား၏။

အခုလိုတစ်ဖွဲ့လုံး ရွရွစိန်နေရခြင်းမှာ
ရှားရှားပါးပါး no scheduleကြောင့်
လို့ပဲပြောရမည်။ဒီတစ်ပတ်လုံးအတွက်
showပွဲမရှိ ...photo shooting နတ္ထိ
recordingဆိုလှည့်မကြည့်။
သို့ကလိုholidayမျိုးကို Suhoက
အမိအရဖမ်းပြီး ပင်ပန်းလှပြီဖြစ်သော
memberတွေအတွက်happy vacation
တစ်ခုစီစဉ်လိုက်ခြင်းပင်။

Tripကဝေးဝေးလံလံတော့မဟုတ်။
Busanအနောက်ဘက်ကတောင်ခြေ
လေးမှာရှိသော Baekhyunရဲ့အဖွားအိမ်။
ရည်ရွယ်ချက်က အဲဒီမှာတည်းခိုပြီး
အပျော်တမ်းတောင်တက်ကြဖို့။

ထိုနေရာကိုမှမရွေးလျှင်လည်းXing
တစ်ယောက်Suhoကို အိညှောင့်အိညှောင့်
လုပ်၍ဆုံးတော့မည်မဟုတ်။ ထို့ကြောင့်
အားလုံး၏သဘောတူညီမှုဖြင့်
ငါးရက်တာတောင်တက် အလည်အပတ်
ခရီးစဉ်ကိုplanချပြီး စားနပ်ရိက္ခာတွေ့
လိုအပ်မယ့်အသုံးအဆောင်တွေနဲ့တကွ
ဆေးဝါးများကိုပါဝယ်ခြမ်းထုပ်ပိုးပြီးလို့
အခုကားပေါ်မှာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Hey you two!!!!...What's going
on??...Take it easy what's the
hurry!!!!! "

ကားပေါ်လုတက်နေသော Chanyeol
နှင့်Baekhyunတို့ နှစ်ကောင်ကို
cool guyကြီးလှမ်းငေါက်လိုက်သံ။

Suhoနဲ့သူ့မှာ leaderတွေပီပီ ကားပေါ်
မတက်ရသေးဘဲ အကုန်လုံးတက်ပြီး
အောင် ရပ်စောင့်နေရ၍စိတ်ကမရှည်။
လူသာပဲလင်းမြွေ စိတ်ကတော့ပဲတောင့်ရှည်
မဟုတ်။waiting is not my style
ဆိုတာကိုပဲအခါတစ်သန်းလောက်ရေရွတ်
နေကာ တုံ့နှေးတုံ့နှေး လုပ်နေတဲ့
အငယ်တွေဆီ နဂါးမျက်စောင်းကြီး
တစ်ဝင့်ဝင့်။

ထိုသို့ရပ်စောင့်နေရင်းမှSuhoတစ်ယောက်
တစ်ခုကိုသတိထားမိသွား၏။
Luhan!......ဟုတ်သည်!...
Luhanကိုမမြင်သေးး။
Suhoကားပေါ်သို့လှမ်းမျှော်ကြည့်လိုက်
ပြီးးးးး

They don't know about us Where stories live. Discover now