"မြို့အုပ်၀မ်....ဒါက လာမဲ့အမတ်စာရင်းတွေပါ"

အရေးကြီးဆုံးသော အမတ်အစားထိုးစာရင်းတွေကသူ့လက်ထံ
ရောက်လာသည် ‌နာမည်တွေကတော့ ၃၀ယောက်သာသာပဲရှိတယ်
အနောက်တိုင်းဘက်မှာပညာသင်ယူသူတွေအနေနဲ့ကတော့
အမြင့်ဆုံးအမတ်နေရာရဖို့ကို အလားအလာကောင်းတွေရှိတယ်။

"အမတ်လောင်းနာမည်က....လွေ့ကျန်းစစ်လား"

"ဟုတ်ပါတယ် သူ့ကိုအမတ်ဖြစ်ဖို့အတွက် အမတ်ဟောင်းတွေက
ထောက်ခံထားကြပါတယ်"

"အော်...."

"ယခင်မြို့အုပ်ဟောင်းတောင်မှသူ့ကိုထောက်ခံထားတာ မြို့အုပ်၀မ်
ရဲ့ ကြည့်ရတာတော်တဲ့သူဖြစ်မယ်"

"...."

ကျန်းစစ်တဲ့လား ထိုနာမည်ကို ဘယ်နားမှာရင်းရင်းနှီးနှီးကိုကြားဖူး
နေပါလိမ့် သူမမှတ်မိပါ ။

"မြို့အုပ်၀မ်! မြို့အုပ်၀မ်!"

အပြင်ကသူတွေကအရေးတကြီးနဲ့သူ့စီရောက်လာကြတယ် ဘာများ
ဖြစ်လို့ပါလိမ့် ရှောင်ကျန့်မွှေထားတယ်ဆိုတာမဖြစ်ပါစေနဲ့ဆုတောင်းနေမိသည်။

"ဟို အောက်မှာ အမတ်လောင်း
‌လွေ့ကျန်းစစ် ရောက်နေပါတယ်"

"အင်း....အပေါ်တက်ခွင့်ပေးလိုက်ပေါ့...."

"ဟုတ်ကဲ့ မြို့အုပ်၀မ်...."

မြို့အုပ်၀မ်မတ်တပ်ရပ်မယ်လို့မထင်ပါနဲ့ နည်းနည်းပါးပါးအ၀တ်အစားကိုပြင်ကာ ခန္ဓာကိုယ်ကိုမတ်လိုက်သည်။

*ဒေါက်...ဒေါက်*
"၀င်ခွင့်ပြုပါ မြို့အုပ်မင်း"

"အင်း..."

တံခါးဖွင့်လို့ ၀င်လာသောသူက မြို့အုပ်၀မ်ကိုအံ့ဩသွားစေ
ပါတယ် ဒီသူက ဟိုဓာတ်ပုံထဲက...ရှောင်ကျန့်နဲ့...အတူ...။

"ကျွန်တော်က လွေ့ကျန်းစစ်ပါ တွေ့ရတာ၀မ်းသာပါတယ်"

ဓာတ်ပုံထဲကအတိုင်းမလွဲအောင်လို့ တူပါတယ် မဲမှောင်သောဆံပင်
နဲ့အညိုရောင်သမ်းသော မျက်လုံး အချိုးအဆစ်ကျတဲ့ နှာခေါင်း သွယ်သောမျက်နှာနဲ့ ဖြူသောအသားအရည် ရှောင်ကျန့်ချောတယ်လို့ပြောတာလဲ ပြောချင်စရာပါပဲ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now