ကျန်းချန်နဲ့ရိပေါ် ထိုင်နေကြကာ ဆိုင်ကိုအပြင်အဆင်ကြည့်ပြီး ရိပေါ်သဘောကျနေသည် ။ ကျန်းချန်က

"ရိပေါ် ပြုံးလှချည်လား"

"အဟင်း ‌ဟူတ်တယ် ငါဒီဆိုင်ရဲ့အပြင်အဆင်ကို ကြိုက်တယ်ကျန်းချန် သန့်ရှင်းသ-ပ်ရပ်ပြီး တော်တော်လေးလှတယ်"

"အေး အဲ့ဒါတော့ဟုတ်တယ်နော်"

အချိန်ခဏအကြာ ပန်းစည်းကိုင်၍ ရိပေါ်တို့ဆီလျှောက်လာသောဝန်ထမ်းမိန်းကလေး။ ပန်းစည်းကိုပေးကာ

"အကိုရှင့် ပန်းစည်းလေးရပါပြီနော်"

ရိပေါ် ကျူးလစ်အနီရောင်ပန်းလေးကိုကြည့်ကာ သဘောကျနေသည်

"ညီမတို့ဆိုင်က ကိုယ်တိုင်အလှဆင်ထားတာလား ဒါမှမဟုတ် Agency အပ်တာလား ပန်းတွေနဲ့ပေါ့ "

"မဟုတ်ပါဘူးရှင့် ညီမတို့က ဆိုင်ကိုကိုယ့်ဘာသာပဲ ဆင်ထားတာပါရှင့်"

"ဟုတ်လား ဒါဆိုတော်တော်လေး တော်ကြတာပဲ အကို ဒီပြင်ဆင်ပုံလေးကိုကြိုက်တယ် အဲ့ဒါ ဒီမှာ Weeding အတွက်များပြင်ဆင်ပေးလားမသိဘူး"

"ဟူတ်ကဲ့အကို ညီမတို့ဆိုင်က Wedding ပွဲတွေအတွက် ပြင်ဆင်ပေးပါတယ်နော် ဆိုင်ကလည်းအသစ်ဆိုတော့ ဘယ်သူမှလည်း သိပ်မသိကြသေးပါဘူးရှင့်"

"ကောင်းပြီလေ ဒါဆို ပွဲလေးအပ်ချင်လို့"

"ဟုတ်ကဲ့ ဒီဘက်ကိုကြွပါရှင်"

ရိပေါ်နဲ့ကျန်းချန် မဂ်လာပွဲအတွက် အခမ်းအနားအပြင်အဆင်ကိုအပ်ပြီး ဆိုင်မှ ရှောင်းကျန့်တို့ကျောင်းဆီသို့ ပြန်ထွက်ကြလာသည်။

................................................................................

ရှောင်းကျန့် ကျောင်းရှေ့မှာ မတ်တပ်ရပ်နေသည်။ ဝမ်ချင်နဲ့မျန့်မျန့်တို့က ပြန်နှင့်ကြပြီဖြစ်သည်။ ရှီးချန် ကျောင်းထဲမှ ထွက်လာသည်

"ရှောင်းကျန့် စောင့်နေရတာ အရမ်းကြာသွားလားဟင်"

"ရပါတယ် သိပ်မစောင့်ရသေးပါဘူး...ကဲပြော ပြောစရာရှိတဲ့စကား"

"ဟို....ရှောင်းကျန့်..."

"အင်း"

"ကျွန်တော်...ရှောင်းကျန့်ကိုချစ်တယ်"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now