သူတို့အခမ်းအနားထဲ့သို့မဖိတ်ခေါ်ထားတဲ့ဧည့်သည်ရောက်လာတယ်။ဇာတ်လိုက်မNoahမှာမျက်လုံးတွေကကြောက်စရာကောင်းလောက်အောင်နီရဲနေပြီးမျက်ဝန်းတွေမှာလက်စားချေလိုမှုအမုန်းတရားတွေနဲ့တောက်လောင်နေသည်။ဇာတ်လိုက်မကLucasကိုကြည့်ပြီးလှောင်ပြောင်လိုက်ကာသေနတ်ကိုထုတ်ပြီး
"ငါ့ဘဝကိုဖျက်ဆီးခဲ့တဲ့နင့်ကိုမပျော်စေရဘူး
နင်ချစ်ရတဲ့လူကိုငါအသေသတ်ပစ်မယ်Lucas"

ဒိုင်း ဆိုတဲ့အသံနဲ့ပတ်ဝန်းကျင်တွင်ရှုန်းရင်ဆန်ခက်ဖြစ်သွားသည်။ဇာတ်လိုက်မကသူ့ကိုမယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေသည်။ခနကြာတော့သူ့ပစ်လိုက်တဲ့ရင်ဘက်ကဒဏ်ရာကြောင့်မြေပြင်ပေါ်သိုလဲကျကာသေဆုံးသွားရသည်
[Hostရူးသွားပြီလားဇာတ်လိုက်မကသတ်လို့မရဘူးလေမြန်မြန်ဒီကမ္ဘာကနေထွက်ခွာရပါမယ်]
[ငါ့ကိုကြိုက်သလိုလုပ်လို့ရတယ်ငါချစ်တဲ့လူကိုထိခိုက်ဖို့ကြံရင်တော့ဘယ်သူပဲဖြစ်နေနေငါကလက်တုံပြန်မှာပဲ]
Lucasကသူ့လူကြီးဝမ်းနည်စွာကြည့်လိုက်ပြီး
"ကျွန်တော်သွားရတော့မယ်
ဒါပေမဲ့နောက်ဘဝကျရင်တော့လူကြီးကိုသေချာပေါက်လက်ထပ်မယ်နော် စောင့်နေပါနော်"
လူကြီးကသူ့ကိုနားလည်သလိုမျိုးပြုံးပြပြီး
"မင်းနောက်ကိုအမြန်ဆုံးလိုက်ခဲ့မှာပါနောက်ဘဝကျရင်တော့ကိုယ့်ကိုလက်ထပ်ဖို့မမေ့နဲ့နော်"
Lucasကမျက်ရည်တွေနဲ့ပြုံးလိုက်ပြီးသူ့စိတ်ဝိဉာဉ်ကကမ္ဘာကနေထွက်သွားတော့သည်
"ကလေးမင်းကတိကိုမမေ့လိုက်နဲ့"

#Hi Ali come backမနေ့ကမှjlptဖြေလို့ပြီးလို့လာupတာပါ မျှော်နေတဲ့ဒါဒါလေးတွေကိုတောင်းပန်ပါတယ်နော်#

Zawgyi

Noahမှာအရင်ကမင်းသားလေးလိုနေခဲ့ရပေမဲ့ခုတော့နေ့ရက်တိုင်းကသူ့အတွက်ခက်ခဲနေတယ်။တစ်နေ့တစ်နေ့အမေ့ဖဲအကြွေးကိုဆပ်လိုက်အဖေ့အရက်ဖို့ရှာပေးလို့အိမ်ရဲ့တာဝန်မှန်သမျှသူ့ပခုံးပေါ်မှာပဲစုပုံနေတယ်

တစ်နေ့တစ်နေ့အရက်တွေပဲသောက်ပြီးလောကကြီးကိုလက်လျှော့လိုက်‌ပြီးဘာအလုပ်မှမလုပ်တော့တဲ့အဖေ့ကိုလည်းမုန်းတယ်။ဖဲ‌တွေပဲရိုက်ပြီးမိခင်တာဝန်မကျေတဲ့အမေ့ကိုလည်းမုန်းတယ်။ကိုယ့်ချစ်သူကကိုယ့်အပေါ်လေးစားမှုမရှိသစ္စာမရှိဘဲ‌ပိုက်ဆံနောက်လိုက်သွားပြီးချမ်းသာတဲ့omegaသူဌေးသား‌နဲ့စေ့စပ်ကြောင်းလမ်းသွားတဲ့သူ့ချစ်သူကိုလည်းမုန်းသည်။သူအမုန်းဆုံးကတော့သူ့ဘဝကိုဒီလိုဖြစ်စေတဲ့Lucasကိုပင်
။သူအားလုံးကိုမုန်းတယ်။အားလုံးကိုဖျက်ဆီးချင်တယ်။ဒါပေမဲ့သူ့မှာဖျက်စီးဖို့ဘာအင်အားမှမရှိဘူး။သူဘယ်လိုလုပ်မှဒီလိုနာကျင်ရတဲ့ဝဋ်ကြွေးကနေလွှတ်မြောက်မှာလဲ။ဘယ်ကနေစမှားသွားတာလဲ

System WhiteWhere stories live. Discover now