ဒီလိုနဲ့ ၉ နှစ်ကြာပြီး နှစ်ယောက်လုံးသူ့လမ်းသူလျှောက်နေကြတဲ့အချိန်ကျမှ သာမာန်ယာဉ်တိုက်မှုလေးလို့ထင်ထားတဲ့ MC ရဲ့မိဘတွေရဲ့အမှုက နောက်ကွယ်မှာ ကြိုတင်ကြံစည်မှုတချို့နဲ့ ရိုးရှင်းမနေတာကိုသိခဲ့လိုက်ရတယ်။ အဲဒီမှာ Jin Zhou က အမှု‌နောက်ကို လိုက်ရင်း Yang Shiyu နဲ့ ပြန်ပတ်သတ်မိသွားပါလေရော။

⚖️

ဇာတ်ကောင်အကြောင်းပြောရရင် Jin Zhou က Carefree type ဆို Yang Shiyu က Serious type ရယ်။ ဆိတ်ဆိတ်နေတတ်တဲ့ ML ကို ရဲရဲတင်းတင်း Flirt ပြတယ်၊ မပြောရဲတဲ့စကားမရှိ အီစီကလီပြော ပရောပရည်ရောလုပ်တဲ့ Shameless character လေး။ အဲ.. ကိုယ်တိုင်ကသာ အရှက်မရှိတာ ML က ညစ်တီးညစ်ပတ် ဒါ့တီးတော့ပြောလိုက်ရင်များ ဖျတ်ဖျတ်လူးအောင် ရှက်တာဟေးးး Yang Shiyu က အပြင်ပန်းမှာ အသားမစားတဲ့လူကြီးလူကောင်းဟန်.. အိပ်ရာပေါ်ရောက်ရင် တကယ့်‌သားရဲကြီး..

Jin Zhou က သူ့ကိုယ်သူ 1 လို့သတ်မှတ်ထားတာ။ ML ကို အပီအုပ်မယ်ပေါ့။ ပြီးရင် ရှိသမျှသူကို သူ့ဇနီးလေးလို့ ပတ်ကြွားထားတာရယ်။ သူ 0 ဖြစ်တော့မယ်မှန်းသိတော့ အကြီးအကျယ်ရှော့ရပါလေရော။ အံမယ်.. ရှေ့နေကြီးဆိုတော့ အယူခံကဝင်သေးတာ။ ဆိုပေမဲ့ သူ့ဂန္ဓမာပန်းလေးကိုမကာကွယ်နိုင်ခဲ့ရှာပါဘူး။ ဒါတောင် အောက်ရောက်နေရင်းကို ချစ်ဇနီးလေးလို့ သွားသွားခေါ်သေးတာရယ် XD

⚖️

MC ရော ML ရောက မလွယ်ကြော Strong couple နှစ်ယောက်။ Judge × Lawyer ဆိုရင်တောင် ဆွဲဆောင်မှုရှိနေပြီကို သူတို့ကြား တွန်းကန်အားရော ဆွဲငင်အားရော ထည့်ထားလို့ နှစ်ဦးကြားထဲက Relationship ကို ပိုဆွဲဆောင်မှုတိုးသွားစေတယ်လို့ ခံစားရတယ်။ အဓိကအမှုအပြင် အခြားအမှုတချို့ပါ ရောထည့်ထားတော့ မပျင်းရဘူး။ ဓားအခန်းပါပေမဲ့ ဖွဖွလေးရယ်ပါ။ နောက်ဆုံးနား နည်းနည်း Rush ဖြစ်တယ်ခံစားရတာကလွဲလို့ ခြုံကြည့်လိုက်ရင် သူ့ဟာနဲ့သူ ဆွဲဆောင်မှုရှိတဲ့နိုဗယ်လေးဖြစ်ပါတယ်။

Author ရဲ့တခြားဝတ္ထုတွေဆို Restricted Area နဲ့ Aesthetic Formula ကို သိကြမယ်ထင်တယ်။ Author ရဲ့မူအတိုင်း အပိုင်းတိုလေးအတွင်းမှာ ခပ်ရှင်းရှင်းပလော့ဖြစ်ရင်တောင် စိတ်ဝင်စားဖို့ကောင်းအောင်ရေးနိုင်တယ်။ ဇာတ်ကောင်စရိုက်ပေါ်လွင်တယ်။ သက်သက်လွတ်မဟုတ်ဘဲ အသားကျွေးတယ်။ လောင်စရာသိပ်မထည့်သလို ခေါင်းလည်း သိပ်မစားရဘူး။

Untitle 🍀Место, где живут истории. Откройте их для себя