I Rely on Kisses to Clear Survival Games

643 28 1
                                    

"𝐘𝐨𝐮 𝐚𝐫𝐞 𝐦𝐲 𝐠𝐫𝐞𝐚𝐭𝐞𝐬𝐭 𝐟𝐨𝐫𝐭𝐮𝐧𝐞."

Title : I Rely on Kisses to Clear Survival Games | 我靠么么哒通关逃生游戏
Author : 啾咪啾咪兔
Chapters : 90 + 9 Extras

MC လေး Cheng Zhi Chu က 'Infinite Escape' ဆိုတဲ့ Horror game တစ်ခုထဲကို ဆွဲသွင်းခံလိုက်ရတယ်။ Mission တွေ Task တွေ Clear မလုပ်နိုင်ရင် အပြင်မှာပါတကယ်ကြီးသေရလိမ့်မယ်။ ဒါပေမဲ့ သူ့မှာ စွမ်းရည်တစ်ခုပါလာတယ်..... ဖိုင်နယ်ဘောစ့်ကိုရှာပြီး နမ်းလိုက်ရင် Game ကို Clear ဖြစ်စေမယ်တဲ့။ ဒါနဲ့ သူက အဖြောင့်ကြီးလေ... လခွမ်း ─=≡Σ(╯°□°)╯︵┻┻

MC လေးက ပိန်းဥငဝိလေးကိုမှ ကံကောင်းမှုလယ်ဗယ်က ဘိတ်ချေးအဆင့်ပါ။ သူ့မှာ ကြိမ်စာသင့်ပစ္စည်းတွေကို စွဲဆောင်နိုင်တဲ့ ဓာတ်ကလေးလည်းရှိသေးတာ။ သူ့ကိုယ်သူ ကွေးနေမှန်းမသိဘဲ အဖြောင့်ပါလို့ကြွေးကြော်ထားပြီး Gong ကိုလည်း သံမဏိတိုင်ကြီးထင်နေတာ။ ချစ်စရာအလှလေးဖြစ်ပြီး ဘေးနားမှာ ကောင်ချောလေးတွေဝိုင်းဝိုင်းလည်‌နေတာ သိပ်အားကျစရာကောင်းပါတယ်။ ကိုယ်တိုင်က အားနည်းပြီးကြောက်တတ်လို့ ML ရဲ့ပေါင်ကိုဖက်ဖို့ကြံစည်ခဲ့သူလေးလည်းဖြစ်ပါတယ်။

Bai Yi က သူ့ဝိညာဉ်တွေကွဲထွက်ပြီး ဂိမ်းထဲမှာပိတ်မိနေတဲ့သူပါ။ စွမ်းအားအင်မတန်ကြီးတဲ့သူလည်းဖြစ်တယ်။ အခြားတစ်ဖက်မှာတော့ နှစ်ချို့ရှာလကာရည်အိုးကြီးပါ၊ MC လေးကို ဘယ်လောက်တောင်တိုလည်းဆို ကမ္ဘာပေါ်မှာ သူနဲ့ Zhi Chu နှစ်ယောက်တည်းရှိချင်တာတဲ့။ ဝိညာဉ်အစိတ်အပိုင်းတိုင်းက Zhi Chu ကို စွဲလမ်းရူးသွပ် ချစ်မြတ်နိုးပြီး သူကိုယ်တိုင်နဲ့တောင် ပြန်ပြီးဂျေဝင်နေတဲ့ Possessive Gong ပါ။ အဲ့ဒီလိုဗင်နီကာအိုး Bai Yi နဲ့ ဘောစ့်ကိုနမ်းမှ Mission clear ဖြစ်မယ်ဆိုတဲ့ Zhi Chu ဆိုတော့ကာ ဖတ်ရတာ ကြောက်ကြောက်နဲ့ခွီနေရပါရောပဲ။

Novel လေးက Horror setting လေးကို သရဲခြောက်တဲ့ စံအိမ်၊ ဆေးရုံ၊ ကျောင်း အစရှိတဲ့ဇာတ်လမ်းတွေပေါ်မှာအခြေခံထားတာပါ။ Story တိုင်းက နောက်ခံဒရာမာလေးတွေပါတော့ ဖီးလ်ရတာလေးက အကြောက်လျော့စေတယ်။ တို့အတွက်တော့ တအားကြီးကြောက်စရာကောင်းတဲ့အထဲမပါပါဘူး။ ရှေ့ပိုင်းတွေမှာလန့်စရာကောင်းပေမဲ့ နောက်ဆုံး Arc ဆို သိပ်တောင် Horror မဆန်ချင်ပါဘူး။ အကြိုက်ဆုံးက Fusion Arc ဆိုတာလေးပါ။ လုံးဝ Chaos ဖြစ်ပြီး ရယ်ရ၊ ဖီးလ်ရပြီး ရသပေါင်းစုံခံစားရလို့ အတော်သ‌ဘောကျမိတယ်။ ပလော့ဟိုးအနည်းငယ်ပါပေမဲ့ စုစုပေါင်း ၉၉ ပိုင်းထဲဆိုတော့ ဖတ်ပျော်ပါတယ်။

Untitle 🍀Where stories live. Discover now