{၈}

618 66 11
                                    

အခန်း {}

သရုပ်မှန်အစစ်

လူငယ်လေးနှင့် လူသတ်သမားတို့၏ အကြည့်ချင်းထိပ်တိုက်တွေ့ဆုံကြရာတွင် အနှီဝံပုလွေငယ်လေး၏ ခြေသည်းများ အစွယ်များကို မသွေးရသေးသော်ငြား ခက်ထန်မှုများကမူ မွေးရာပါဖြစ်ပုံရသည်။

ဤသည်မှာ ပင်ကိုယ်စရိုက်နှင့်သက်ဆိုင်နိုင်ပါသည်။ လူတစ်ဦးသည် အသက်အန္တရာယ်တွင်းထဲကျရောက်နေချိန်ဖြစ်ပါက ပြန်လည်တုန့်ပြန်မည့် ပုံစံနှစ်မျိုး လူနှစ်မျိုးရှိနိုင်သည်။ ပထမတစ်မျိုးမှာ လေးလေးနက်နက်စဉ်းစားဆုံးဖြတ်၍တုန့်ပြန်ခြင်း သို့မဟုတ် သမာဓိတရား၊ တာဝန်၊ အမှန်တရားတို့ပေါ်မူတည်၍ တုန့်ပြန်ခြင်း၊ သို့မဟုတ် လုပ်ပိုင်ခွင့်များကိုအသုံးချတုန့်ပြန်ခြင်းစသည့် မဖြစ်မနေတုန့်ပြန် တိုက်ခိုက်ရမည့်အခြေအနေမျိုးတွင် သူ၏အတွင်းစိတ်သည် ကြောက်ရွံ့ထိတ်လန့်နေသော်လည်း အသိတရားနှင့် ဉာဏ်ပညာကြီးမားမှုတို့က အနှီကြောက်ရွံ့ခြင်းကို အနိုင်ယူလိုက်ခြင်းကြောင့် မကြောက်ရွံ့တတ်တော့ပေ။ ဤသည်မှာ အမှန်တကယ် သတ္တိရှိခြင်းပင် ဖြစ်သည်။

နောက်ထပ်ဒုတိယလူမျိုးမှာ မိမိစိတ်ထဲတွင် ဘာမှမတွေးပေ၊ တုန့်ပြန်မှုအားလုံးသည် ပင်ကိုယ်ဗီဇ၏ အစွမ်းအစအတိုင်းသာဖြစ်သည်။ ပင်ကိုယ်ဗီဇအတိုင်း ဒေါသထွက်လာပြီး ပင်ကိုယ်ဗီဇအရ စိန်ခေါ်လိုစိတ်ပြည့်နှက်နေပြန်သည်။ မိမိ၏တုန့်ပြန်ခုခံမှုသည် ပိုမိုကြောက်စရာကောင်းသော အဆုံးသတ်ကို ဖိတ်ခေါ်နေလိမ့်မယ်ဟု သိနေလျှင်တောင် ရန်သူ့ကိုယ်ကို တစ်ကိုက်ခန့် ဆွဲကိုက်ဖြဲပစ်လိုက်ချင်သည့် အာသီသကို မထိန်းချုပ်နိုင်ပေ။

အခုချိန်တွင် ချန်ကန်းသည် ဒုတိယလူစားမျိူးဆိုသည်မှာ သံသယဝင်စရာပင်မလိုပေ။ သို့မဟုတ်ပါက "ကြောက်ရွံ့" ဟူသောစကားလုံးနှစ်လုံးက သူ့အား အလွန်အမင်းဒေါသထွက်စေခဲ့ပြီး၍ ဖြစ်လိမ့်မည်။

လွန်ခဲ့သောနှစ်အနည်းကို ပြန်တွေးကြည့်ပါက ရှို့နျန်တစ်ဦးတည်း သူမ၏အသိစိတ်နှင့် လွန်ဆွဲနေရသည်မဟုတ်ပါတကား။ ချန်ကန်းသည်လည်း အမြဲလိုလို မိမိအသိစိတ်နှင့်အပြိုင် လွန်ဆွဲနေရသည်။ နောက်ဆုံးတွင် ရှို့နျန်က သူ့ကိုမသတ်ခဲ့ခြင်းမှာလည်း သူ့ကိုယ်ထဲရှိ အစ်မ၏သွေးကြောင့်ဖြစ်လိမ့်မည်။ ထို့အတူ ချန်ကန်းက သူမကို မသတ်ခဲ့ခြင်းမှာလည်း ကာလကြာရှည်နှိပ်စက်လာမှုကြီးထဲတွင် အနည်းဆုံးတော့ ကျွေးမွေးပျိုးထောင်ပေးသည့် ကျေးဇူးတရားများရှိနေခြင်းကြောင့်ဖြစ်လိမ့်မည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now