{၆}

256 47 6
                                    

အခန်း {}

ကျိန်စာ

ရှို့နျန်က ပြုံးလျက် ခပ်အေးအေးပင် လက်ကိုပြန်ရုတ်သွားတော့သည်။

သူမ၏ နှုတ်ခမ်းပေါ်တွင် ရှန်ရှစ်လျို့ ဝယ်ပေးသော အမှုန့်များခြယ်သထားပြီး ဖြူ ဆွတ်နေသောမျက်နှာပေါ် အရောင်တစ်မျိုးတိုး၍ ပံ့ပိုးလိုက်သဖွယ်ပင်။ နီနီရဲရဲသွေးများ အဝအလင်စုပ်ယူထားသော ပန်းပွင့်တစ်ပွင့်နှင့်တူနေသည်။

" မင်းစိတ်ထဲမှာ အမြဲသံသယဝင်နေတယ်ဆိုတာ ငါသိပါတယ်... ဒီနေ့တိုက်တိုက်ဆိုင်ဆိုင် အခွင့်အရေးရှိတုန်း ရှင်းသွားအောင် ပြောလိုက်ကြရအောင်... မင်းက တကယ့်ကို ငါမွေးထားတာမဟုတ်ဘူး "

ရှို့နျန်က ဆက်ပြောသည်။

" ဒီလိုပြောလိုက်ရင် မင်းစိတ်ထဲ နေလို့ကောင်းရဲ့လား? "

ချန်ကန်း၏ မျက်လုံးထောင့်မှာ ခပ်ဖြေးဖြေးလှုပ်ခတ်သွားသည်။ သူသည် ငယ်ရွယ်သေးသူတစ်ဦးဖြစ်ပြီး စိတ်၏ရှုပ်ထွေးခြင်းပျော်ရွှင်ခြင်းများကို မျက်နှာတွင်မပေါ်စေရန် ထိန်းချုပ်နိုင်စွမ်းမရှိသေးချေ ။

လောကကြီးတွင် မည်မျှကောင်းသောမိတ်ဆွေ၊ မည်မျှရင်းနှီးသောဆရာဖြစ်စေ မိခင်တစ်ယောက်နေရာတွင် အစားထိုးမဝင်နိုင်ပေ။ ဖခင်အရင်းလျှင်ပင် မိခင်တစ်ယောက်၏ အရေးပါမှုကို အစားမထိုးနိုင်ချေ ။ ချန်ကန်းသည်လည်း မိခင်မေတ္တာကို ငတ်မွတ်တောင့်တ တတ်သေးသည်။ သို့ပေသိ တစ်ခါတစ်ရံတွင် မဖြစ်နိုင်မှန်းသိသောအရာကို မျှော်လင့်တောင့်တနေမိပြီး ထိုအရာက မဖြစ်နိုင်ဟု မိမိဘာသာလည်းလက်မခံနိုင်ပြန်ခြင်းသည် ပင်ပန်းဆင်းရဲလှသည်။ ကိုယ့်ကိုယ်ကိုပင် သနားစရာကောင်းလှသည် ဟုထင်မိသည်။

ချန်ကန်းစိတ်ထဲတွင် အကြိမ်ပေါင်းများစွာ စဉ်းစားဖူးသည်။ သူ့ကို ရှို့နျန်ကိုယ်တိုင်မွေးထားခြင်းမဖြစ်နိုင် ဟူ၍ပင် ဖြစ်သည်။ ယနေ့တွင် မိမိအတွက် သိပ်မထူးဆန်း မအံ့သြရသောအဖြေကို ကြားလိုက်ရသော်လည်း စိတ်ထဲတွင် ဟာတာတာနှင့် ခံစားချက်ကိုပြောမထွက်နိုင်တော့ပေ။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားDonde viven las historias. Descúbrelo ahora