''ညီမလေးအဆင်ပြေရဲ့လား"
''ဟာကိုကြီး ရောက်လာပြီလား တကယ်လွမ်းနေတာ"
''ဟုတ်ပါ့ယောက်ဖရာ မိုးကသူ့အကိုမှသူ့ကိုဘဲတမ်းတနေတာ"
''ကိုကြီးကိုသတိရရင် ပြန်လာခဲ့ပါလား အရင်လိုပျော်ပျော်ရွှင်ရွှင်နေရအောင်လေ"
''တော်ပါ ကိုကြီးက ဟိုမိန်းမကိုပြန်ခေါ်တင်လာတယ်မလား"
''မပူနဲ့ညီမလေး ကိုကြီး ညီမလေးအစား ပြီးတော့ အမေ့အစားကော်အကုန်လက်စားချေမယ်"
''ညီမလေးမှာလေ သူ့ကိုမုန့်တဲ့စိတ်ဘဲရှိတော့တယ် အရင်က မမုန်းပေမယ့် အခုသိပ်မုန်းတယ် ကိုကြီး ညီမလေးရဲ့ ရင်သွေးလေးလဲသူ့ကြောင့်ပြတ်ခဲ့ရတယ်"
''ကိုကြီးနားလည်ပါတယ် ခုဒါတွေသိပ်မပြောပါနဲ့တော့"
''ဟုတ်ပါ့မိုးရာ မပြောနဲ့တော့ကိုကိုရှိတယ်နော်"
''ဟျောင့် သစ်လွင် မင်းငါ့ညီမကိုသေချာစောင့်ရှောက်နော်"
''စောင့်ရှောက်တာပေါ့ မင်းသမီးလေးကို"
''ငါပြောမယ် မင်း မိုးကိုနွားနို့ဖျော်တိုက်"
''ဟာ ကိုကြီးကလည်း မိုးမှမကြိုက်တာအဲ့ဒါတွေ"
''ဟေ့ မကြိုက်လဲသောက်ရမှာနော် အားနည်းနေတာကိုယ့်ပုံစံကိုပြန်ကြည့်အုန်း"
''ထားလိုက်ငါကိုယ်တိုင်ယူလာမယ် ဟျောင့်သစ်လွင် ငါ့ညီမနားဘဲနေ"
''ဟုတ်ပါပြီဗျာ"
ဆက်အာဏာအိမ်နောက်ခန်းသို့၀င်ကာ မိုးအတွက်နွားနို့ယူလာလိုက်သည်။
''ရော့ရပါပြီ မယ်မင်းကြီးမ"
''ဟာ မကြိုက်ပါဘူးဆိုနေမှ"
''သောက်မှာသာသောက်စမ်းပါ"
ဒီလိုနဲ့ဘဲ မိုးတို့လင်မယားနှင့် ဆက်အာဏာတို့စကားစမြည်ပြောရင်းအချိန်တော်တော်လင့်နေလေပြီ။
စကားပြောရင်းဆက်အာဏာနာရီကြည့်မိသွားကာအတွေးထဲ''ဟာ မဖြစ်သေးဘူး အိမ်မှာနွယ်တော့ မဖြစ်သေးဘူးအမြန်ပြန်မှ"
''မိုးရေ ကိုကြီးခဏပြန်အုန်းမယ်နော် မိုးဆီနောက်နေ့လာခဲ့မယ် ခုမှသတိရလို့ ရုံးချုပ်မှာလုပ်စရာလေးရှိနေသေးတယ်"
VOCÊ ESTÁ LENDO
𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချို
Romance''ငါမင်းကိုချစ်မိလေ မင်းပိုနာကျင်စေရလေဘဲ ထိပ်ထားနွယ်" ''မင်းအမြဲနာကျင်ရမယ်လို့ ဆက်အာဏာဆိုတဲ့ငါ့ရဲ့ကတိဘဲ" BDSM typeမို့ 21ပြည့်မှဖြစ်ပေးပါလို့တောင်းဆိုချင်ပါတယ် Start Date🥀 ~4.10.2023 End Date🥀 ~