Part~7

1.7K 23 0
                                    

''မိုး! မိုးဘယ်မှာလဲ မိုး!"

''သစ်လွင် စိတ်အေးအေးထားပါ အသွင်တို့လဲစိတ်မကောင်းဖြစ်ရပါတယ်"

''ဟာကွာ မိုးကဘာလို့အဲ့လိုဖြစ်ရမှာလဲ ကျွန်တော်တို့ကလေးလေး ကျွန်တော်တို့ကလေးလေးလေဗျာ"

သစ်လွင်ပြောရင်းဆိုရင် နွယ်လက်မောင်နှစ်ဖက်ကိုတင်းအောင်ဆုတ်ကိုင်လိုက်ကာလှုပ်ရမ်းပြီး

''နွယ် ငါ့ကိုအမှန်တိုင်းပြောနွယ် မင်းဘာလုပ်လိုက်သေးလဲ မိုးကို ဘာလုပ်လိုက်သေးလဲလို့ငါမေးနေတယ်လေ နွယ်"

''နွယ်ဘာမှမလုပ်ပါဘူး ကိုသစ်လွင် နွယ်ဘာမှမလုပ်မိပါဘူးဟင့်"

ဆက်အာဏာကမကြည့်ရက်တော့ဘဲ နွယ်ကိုလှမ်းဆွဲကာ

''မင်းစိတ်အေးအေးထားစမ်းပါ သစ်လွင် အခုချိန်ငါ့ညီမကအရေးကြီးဆုံးဘဲ"

''အေးပါ ကိုဆက်အာဏာရာ ကျွန်တော်ဘယ်လိုဖြေသိမ့်ရမှန်းတောင်မသိတော့ပါဘူး"

''လူနာရှင်တွေ ၀င်ကြည့်လို့ရပါပြီ"

''ဗျာ ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့"

''မိုး မိုးလေး မိုးဘာဖြစ်သွားလဲဟင် ကို့ကိုပြောပါအုန်းမိုးရဲ့"

''ဟင့် ဟင့် ကို! မိုးတို့မှာကလေးလေးမရှိတော့တာလားဟင်ပြောပါအုန်းကိုရဲ့ မိုးကလေးရှိသေးတယ်မလားဟင် သူတို့လိမ်နေကြတာမလား"

''မိုးရယ် စိတ်ကိုထိန်းပါတော့"

ခံပြင်းလှသော ခံစားချက်ကြီးကြောင့်မိုးက သစ်လွင်ရင်ခွင်ထဲမှာပင်ငိုကြွေးနေတော့သည်။

''နွယ် နင်ငါ့ကိုတိုက်လိုက်တာဘာတွေလဲ"

''ဟင် မမိုး ဘယ်လိုပြောလိုက်တာလဲ နွယ် မမိုးကိုအအေးဘဲဖျော်တိုက်မိတာပါမမိုးရဲ့ နွယ်တကယ်ပြောနေတာပါ"

‌''ဆေးစစ်ချက်ထွက်လာမှ မိုးတို့စကားပြောမယ်နွယ် အခုချိန်နွယ့်မျက်နှာကို မိုးမမြင်ချင်ဘူးထွက်သွားပေးပါ"

''ဟုတ် မမိုးအဆင်ပြေမယ်ဆိုထွက်သွားပေးပါမယ်"

''မိုး နင်ဘယ်လိုပြောလိုက်တာလဲ နွယ်လုပ်တာပါလို့ဆေးစစ်ချက်မရသေးဘဲ အခုလိုကြီးတော့မပြောသင့်ဘူးလေ သူလဲအခုဆို အကိုရဲ့မိန်းမဖြစ်နေပြီ မိုးစကားပြောဆင်ခြင်သင့်တယ်"

𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချိုWhere stories live. Discover now