ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

Magsimula sa umpisa
                                    

မော့ကျောက်ချိုင်က တွေးကြည့်လိုက်သည့်အခါ သူရဲ့စကားတွေက အဓိပ္ပာယ်ရှိသည်ဟု ထင်တာကြောင့်သူ၏ဓားအားထုတ်ကာသူဆံပင်အားဖြတ်လိုက်ပြီးနောက် မော့ချန်းရှန်းရဲ့ခေါင်းနားတွင်ချကာရယ်မောလိုက်ပြီး "ဒီလိုဆိုရင်ကောအဆင်ပြေပြီမလား"

လင်းရုဖေးက သူ့ဘာလို့သေဖို့ရွေးရလည်းဆိုတာကို နားမလည်နိုင်ပေ။

"မင်းဘာလို့ဒီလောက်အထိခေါင်းမာရတာလဲ"

မော့‌ကျောက်ချိုင်ကရယ်မောလျက်ဖြင့်ဆို၏။

"လင်းကုန်းဇီ မင်းနားလည်နိုင်မှာမဟုတ်ဘူး ကျွန်တော်ကမော့မိသားစုရဲ့အစောင့်ခွေးသာသာလောက်ပဲ ကျွန်တော်ဘ၀ကနှိမ့်ကျလွန်းတယ် ကျွန်တော်အခုထိအသက်ရှင်နေနိုင်သေးတာကအကြီးဆုံးသခင်လေးကြောင့်ပဲ ဒါကြောင့်...အကြီးဆုံးသခင်လေးသာအသက်ပြန်ရှင်နိုင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းကိုပဲသုံးရသုံးရကျွန်တော်လုပ်နိုင်တယ်"

မော့ကျောက်ချိုင်ကပြောပြီးသည်နှင့် ဒူးထောက်ကာ လင်းရုဖေးအား အရိုအသေပေးလိုက်ပြီး "ကြိုတင်ပြီးတော့ကျေးဇူးတင်ပါရစေ လင်းကုန်းဇီ"

ထိုစကားကိုပြောပြီးနောက် သူ့လက်ကသွေးရောင်လွှမ်းနေသည့်မျက်စိကြီးထဲရောက်သွားတော့၏။



မော့‌ကျောက်ချိုင်ရဲ့လက်ကမျက်စိကြီးထဲကိုရောက်သွားချိန်တွင်သူ၏မျက်နှာပေါ်တွင်ခအံ့ဩနေသည့်အရိပ်အယောင်အချို့ပြသလာသည်။ သို့သော်အံ့ဩမှုကကြာရှည်မခံဘဲ ချက်ချင်းကိုထိတ်လန့်ကြောက်ရွှံ့မှုအဖြစ်သို့ကူးပြောင်းသွားသည်။ နားကွဲမတတ်ဝါးစားသံကြီး‌နောက်တစ်ကြိမ်ထွက်လာပြီးနောက် တောင်ပေါ် ဓားပြများကဲ့သို့ မော့ကျောက်ချိုင်ကိုလည်း ကြီးမားသည့်အားဖြင့်သွေးမျက်စိကြီးထဲ တိုက်ရိုက်စုပ်ယူသွား၏။

အံဖွယ်ဖြစ်ရပ်ဆိုတာမျိုးလုံး၀ မရှိချေ။ မော့ချန်းလန်ကလည်းအံဩခြင်းအလျဉ်းမရှိသည့်အပြင် အဖတ်မလုပ်သည်ပုံနှင့် နှာခေါင်းတောင်မှရှူံ့လိုက်သေးသည်။

မျက်စိကြီးကမော့ကျောက်ချိုင်ကိုစားသောက်ပြီးနောက် သူ့မျက်၀န်းကိုအနည်းငယ်လှည့်လိုက်သည်။ ၎င်း၏အကြည့်က လင်းရုဖေးနှင့်မော့ချန်းလန်ရဲ့ခန္တာကိုယ်ပေါ်သို့ရောက်လာသည်။လင်းရုဖေးတစ်ယောက် ဤသည်ကသူ၏အထင်အမြင်သက်သက်လားဆိုတာကို မသေချာချေ။ မျက်စိကြီးကသူနှင့်မော့ချန်းလန်ကိုတစ်ကိုယ်လုံးမျိုချရင်ကောင်းမလား...မကောင်းဘူးလားဆိုတာတွေးနေသည်ဟု သူ အမှန်တကယ်ခံစားလိုက်ရသည်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေTahanan ng mga kuwento. Tumuklas ngayon