အပိုင်း၁၃

317 7 3
                                    


အကြည်ရောင်မှန်ကပ်ထားတယ့် ပြတင်းပေါက်ကလေးကနေ ရောင်ခြည်ရဲရဲလေးတွေက တိုးဝှေ့ပီး ပုလဲလိုတန်ဖိုးရှိပီးလှပတယ့်

ကလေးငယ်ရဲ့မျက်နှာလေးပေါ်ဖြာကျနေလေသည်။ထို်ကြောင့်အိပ်နေသည်မှနိုးလာလေသည်။

"ဒီလူကြီးက အိပ်နေရင်တောင်ဆွဲဆောင်မှုရှိနေတာပါလား
ပျိုတိုင်းကြိုက်တယ့်နှင်းဆီခိုင်ကြီးကိုငါ့လိုအားနည်းချက်ရှိတယ့်ယောက်ကျားလေးကပိုင်ဆိုင်ရတာ သိပ်ကိုကံကောင်းတာပဲ "

Ring..Ring.Ring.

"ဟေး ရှင်းရေ ငါပါဂျူလိုင်လေ ဒီနေ့ငါ့မွေးနေ့မို့လို့ အိမ်မှာ ဆွမ်းကျွေးတယ် နင့်ကိုစားစေချင်လို့ငါဖိတ်တာ လာခဲ့နော် ကြားလား ငါသင်တန်ဘေးက ကော်ဖီဆိုင်မှာစောင့်နေမယ်နော်"

"အာ..ဒါနဲ့ဘယ်နှနာရီလည်းဂျူ.

"၁၀ နာရီ ေလ ငါပြင်ဆင်စရာရှိသေးလို့ ငါနင့်ကိုမျှော်နေမှာပါနော်ရှင်းး ဒါပဲနော်"

"သူပြောချင်ရာပြောပီးချသွားပြန်ပီ မောင့်ကိုဘယ်လိုခွင့်တောင်းရမလည်း

သူကမသွားခိုင်းလောက်ဘူး
ရအောင်တော့ပြောကြည့်ရမှာပဲ"

သူ့ရဲ့ရင်ခွင်အုပ်ကြီးမှအကောင်ပေါက်ကလေးလည်းထွက်ခွာသွားရော သူလည်းအိပ်နေရာမှနိုးလေပြီ။ သူ့ရဲ့ငယ် ဘယ်သူနဲ့ဖုန်းပြောနေလည်းဆိုတာကိုတိတ်တိတ်ကလေးနားထောင်ပီး မျက်မှောင်ကြုံ့နေပြီဖြစ်သည်။

"ငယ်!

"အိုး..ဘုရားရေ သူနိုးသွားပီ.မောင် နိုးပီလား"

"ဘယ်သူနဲ့ပြောနေတာလည်း ငယ်"

"ဟို..ဟို သင်တန်းက ဂျူလိုင်လေသိတယ်မလား ဒီနေ့ကသူ့မွေးနေ့တယ့်အာ့တာသူ့အိမ်မှာဆွမ်းကျွေးမှာတယ့်အာ့တာ ကျွန်တော့ကိုဖိတ်လို့.

ပြောလည်းပြော မျက်နှာလည်းမဲ့နေတာအမှန်ပင်။ပြောလည်းမပြောရဲ သွားလည်းသွားချင်ပေသည်။

"အာ့တာ ငယ်ကသွားချင်တာလား"

"အွမ်း ကျွန်တော်သွားချင်တယ် မောင်ပါလိုက်ခဲ့လေနော်.

"လိုက်မှာပေါ့ မောင်မပါပဲ ငယ့်ကိုဘယ်အပြင်မှမသွားခိုင်းဘူး.

ချစ်ခွင့်ပေးပါမောင့်ကလေးငယ်Where stories live. Discover now