အပိုင်း၂

302 10 2
                                    

ခုနကအဆက်ကလေးပါ။

မှောင်မဲနေတယ့်အခန်းထဲမှာနေရတယ့်ကောင်လေးငယ်အတွက်က နေ့လားညလားသူမသိတော့ပါ။ဟိုသခင်ကြီးဆိုတယ့်လူယုတ်မာပြန်လာမယ့်အချိန်ကိုသာမျှော်နေရသည်။..

ကျွီ...

"ကလေးငယ်...ဟာ ကလေးငယ်ဖြူဖတ်နေတာပဲ ခေါ်နေတာလည်းမထူးဘူး ကြီးမြရေ family doctorခေါ်လိုက်စမ်းပါ"

အမှောင်ထုနဲ့ ကြောက်စိတ်ယှဉ်ပြိုင်နေတယ့်ကြားမှာ​မြေစာခံ ရှင်းနောင်တစ်ယောက်အမှောင်ထုကိုအရှုံးပေးလိုက်ရသည်။မျက်နှာတစ်ခုလုံးဖြူဖတ်ပြိးသွေးမရှိတော့သကဲ့သို့မူနေသည်။
......
"ကောင်လေးက လန့်ပီးမေ့လဲသွားတာပါ ပီးတော့သူအကြောက်လွန်တာလည်းပါတယ်အားလည်းနည်းနေတယ် ဆေးတော့ပေးခဲ့မယ်အားရှိအောင်ထားပေး ကိုယ်လုံးပေါ်က ဒဏ်ရာတွေကိုဆေးထည့်ပေးခဲ့တယ်။

"ဒဏ်ရာ..."

အတ္တမုန်း၏နီရဲတောက်နေသောမျက်လုံးတစ်စုံအားကြီးမြပေါ်သို့သက်ရောက်သွားသည်။ ကြီးမြမှာဘုရားတနေရသည်။

"သူဘယ်အချိန်ပြန် နိုးမှာလည်း"

"နာရီဝက်လောက်ပါသူအိပ်ရေးဝရင်အဆင်ပြေပါပြီ ခွင့်ပြုပါအုန်း"

"အွမ်းကောင်းကောင်းသွားပါသူသက်သာမယ်လို့ထင်ပါတယ်မဟုတ်ရင် ဆရာကိုယ်တိုင်ပြန်ကုနေရမယ်"

"အာ..ဟုတ် ဟုတ်ကဲ့ပါ"

"ကလေးငယ် မောင်တောင်းပန်ပါတယ်နော် ကလေးငယ်ကိုမောင်ပစ်မထားသင့်ဘူး ချစ်တယ်ကလေးငယ်"
သွေးကြောလေးတွေပေါ်နေတယ့်လက်ဖဝါးတစ်စုံလေးကိုဖွဖွလေးကိုင်ထားရင်းနဖူးလေးကို kissပေးခဲ့သည်။တစ်ပြိုင်နက် မျက်ရည်မိုးများရွာလေသည်။

"သခင်ကြီး ကြီးမြdoctorကိုပြန်ပို့ပီးပါပီ "

"ကြီးမြ"

နဂုိအသံကိုက သြပါတယ်ဆို လေသံမာမာနဲ့ခေါ်လိုက်တော့ ထွက်ပြေးချင်စိတ်ပေါက်နေပီသခင်ကြီးရဲ့ထွက်ပြေးလည်းလွတ်မှာမဟုတ်ဘူး!

"ဟုတ်..သ.သခင်ကြီး ကြီးမြ ဒီကောင်လေးကို အနာတရဖြစ်အောင်မလုပ်ထားပါဘူး ကောင်လေးကအမှောင်ကြောက်တယ်လို့ပြောပါတယ်သခင်ကြိး ကြိးမြလည်းသခင်ကြိးရဲ့အမိန့်ကိုမလွန်ဆန်နိုင်လို့ပါ"

ချစ်ခွင့်ပေးပါမောင့်ကလေးငယ်Unde poveștirile trăiesc. Descoperă acum