Part_4

2.5K 230 16
                                    

Unicode

တုန်ရီနေသည့် Taehyung နှုတ်ခမ်းဖျားတွေက ထိုလူ့ရဲ့လက်မဖြင့်အသာပွတ်ဆွဲခံလိုက်ရသည်။

လက်အိတ်အနက်ဝတ်ဆင်ထားသည်ကြောင့် လည်သာလက်အိတ်ဖြစ်မည်မှန်း သူ့နှုတ်ခမ်းပါးတွေမှတစ်ဆင့် ခံစားလိုက်ရသည်။

*ဖတ်*

ကြောက်အားလန့်အားဖြင့် ထိုလူ့လက်ကိုဖတ်ခနဲ ရိုက်ချပစ်လိုက်မိသည်။
အကဲခတ်သလို မှေးဆင်းသွားသည့်စူးရှရှမျက်လုံးတွေက အဓိပ္ပာယ်တစ်မျိုးလည်း ရောယှက်နေပြန်သေးသည်။

Taehyung ကထိုလူ့အတွက်တော့ ကျားပေါက်ကလေးနှင့်တူသေးသည်။

သူ့အန္တရာယ်ကိုသိ၍ကြောက်သော်လည်း တစ်ဖက်လူအလွယ်တကူအနိုင်မယူနိုင်စေရန် မာန်ဖီဟန်ပြပြီးခုခံဖို့ကိုတော့မမေ့။

အရိုင်းအစိုင်းလေးပဲ ..။

"ဟုတ်တာပေါ့.. သားကောင်လေးက အချိန်ယူရဦးမှာကို ထည့်မတွက်မိဘူးပဲ"

ထိုလူမတ်တပ်ရပ်လိုက်သည်နှင့် သူ့ရဲ့မြင့်မားတဲ့အရပ်ကြီးဟာ လမ်းမထက်ကပုံ့ပုံ့‌လေးလဲကျ‌နေသည့် Taehyung တစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားပြီး ခပ်စိုက်စိုက်ကြည့်နေသည့်မျက်လုံးများက စူးရဲလွန်းနေပြီး အပြုံးဟာလည်း ကြက်သီးထစဖွယ်ကောင်းလွန်းစေသည်။

"တစ်ပတ် .."

ထိုလူ့ နှုတ်ခမ်းဖျားမှ ပြတ်ပြတ်သားသားထွက်ကျလာသည့် စကားလုံး ..။

"တစ်ပတ်ပြီးရင် မင်းကိုပြန်လာခေါ်မယ်.. အချိန်ယူဖို့ဆိုတာ ငါနဲ့အတူနေဖို့အတွက် မင်းရဲ့စိတ်ကိုအဆင်သင့်ဖြစ်အောင် အချိန်ပေးလိုက်တာပဲမို့.. တခြားအတွေးတွေမတွေးမိစေနဲ့"

ထိုလူကပြောပြီးသည်နှင့် ဘောင်းဘီအိတ်ကပ်ထဲမှ ဆေးလိပ်ဗူးကိုထုတ်ယူ၍ အနက်ရောင်ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းနှစ်လွှာကြားတေ့၍ခဲထားလိုက်ပြီး ခဲရောင်မီးခြစ်တစ်လုံးဖြင့် ရှိုက်ခနဲမီးညှိ၍ မြောက်မြားစွာသောဆေးလိပ်ငွေ့များကို ထိုနှုတ်ခမ်းဖျားများမှတစ်ဆင့် သေသပ်လှစွာမှုတ်ထုတ်လိုက်သည်။

အလျင်အမြန်မတ်တပ်ထရပ်လိုက်သည့် ‌Taehyung ကို တစ်ချက်စောင်းကြည့်လာသည်။

𝐒𝐓𝐀𝐍𝐃𝐈𝐍𝐆 𝐍𝐄𝐗𝐓 𝐓𝐎 𝐘𝐎𝐔Where stories live. Discover now