Ch 45 (Ending)🔞

Start from the beginning
                                    

''ဆိုယွန်း တောင်းပန်ပါတယ်''

''မဟုတ်တာ သမီးရယ်
သူ့ဘက်က မှားခဲ့တာတွေလည်းရှိတယ်လေ..
အိုမားတို့လည်း မှားတာပါ..
ဟိုကလေးမနဲ့ကိစ္စက ဘာမှမဟုတ်ဘူးဆိုတာသိပေမယ့် အထင်လွဲစရာတွေဖြစ်လာတော့ သူက သူပဲရှင်းပြမယ်ဆိုလို့ အိုမားတို့မသိသလိုပဲနေပေးခဲ့တာ..
ပြီးတော့ ဟန်ထယ်ဂျွန်းကိစ္စလည်း အိုမားတို့မသိရတော့ ပေါ့ပေါ့ပဲတွေးကြတာ..
သမီးကို ဒီထက် ဂရုစိုက်ပေးခဲ့ရမှာ
အိုမားတို့လည်း တောင်းပန်ပါတယ်..
ကလေးကရော ဘယ်တုန်းကတည်းကသိနေတာလဲ''

''အဲဒီနေ့မှသိတာပါ ဆေးခန်းကထွက်လာပြီး
ခေါ်သွားခံရတာ''

''သမီးဖြစ်တဲ့အချိန် ဘယ်လောက်ကူကယ်ရာမဲ့နေလိုက်မလဲကွယ်
အိုမားတို့လည်း ရင်ကွဲရပါတယ်
မြေးလေးနာမည်က?''

''မြောင်ဝူးပါ လီမြောင်ဝူး''

''ဘာဒါနဲ့တူလိုက်တာကွယ် တစ်ပုံစံထဲပဲ''

သားက အိုမားတို့ကို အခုမှတွေ့ဖူးပေမယ့် အရမ်းစိမ်းမနေပါ။
အိုမားကလည်း သားကိုအရမ်းဂရုစိုက်ပြီး

''သမီး ကလေးလည်း ပင်ပန်းနေရော့မယ် အိမ်ပြန်နားလိုက်ပါလား
သမီးတို့အိမ်ကိုပြန်လည်းရတယ်
အိုမားတို့Hotelကို သွားလည်းရတယ်
ဘာဒါ့အခန်းလည်းရှိတယ်''

''သမီးစောင့်နေချင်တယ် သမီးမရှိတုန်း သတိရလာရင် သူရှာနေမလားလို့..''

သားကလည်း ပင်ပန်းနေပုံပေါ်တော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။
ခေါင်းမှာလည်း ပတ်တီးအဖွေးသားနဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သူ့ကို ဘယ်လိုထားခဲ့နိုင်မှာလဲ..

သားကလည်း ပင်ပန်းနေပုံပေါ်တော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ခေါင်းမှာလည်း ပတ်တီးအဖွေးသားနဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သူ့ကို ဘယ်လိုထားခဲ့နိုင်မှာလဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

''ဒါဆို အန်တီ သားလေးကိုခေါ်သွားကြည့်လိုက်မယ် မြောင်ဝူး မြေးလေး ဘွားဘွားတို့နဲ့ မုန့်သွားစားရအောင်''

ချစ်မိသော ပင်လယ် Where stories live. Discover now