Ch 13 🍬

6.1K 138 1
                                    

တွေ့ဆုံပွဲကို စောစောရောက်သွားတယ်။
ဆိုယွန်း တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေနဲ့ စကားထိုင်ပြောနေကြတုန်း

''ဆိုယွန်း .. ဆိုယွန်းမလား''
ဆိုယွန်းမော့ကြည့်လိုက်တော့
''ဟုတ်နေတာပဲ ဂျီအွန်းနဲ့ယယ်ဆောကိုလည်းမြင်လို့လေ ''
''ထယ်ဂျွန်းအိုပါး''
''အကိုထိုင်မယ်နော်''
''သြော် ဟုတ် ထိုင်ပါ''
''သုံးယောက်လုံးမတွေ့တာကြာပြီ''
ထယ်ဂျွန်းအိုပါးက ဆိုယွန်းတို့ကျောင်းက စီနီယာ. ဆိုယွန်းတို့ထက် ၃နှစ်ကြီးတယ်။ ကျောင်းတုန်းက ဆိုယွန်းကိုသဘောကျခဲ့တာဆိုပေမယ့် ဆိုယွန်းက အထက်တန်းကျောင်းကတည်းက သဘောကျခဲ့ရသူရှိတာကြောင့် ငြင်းခဲ့တာ။ အဲလိုနဲ့ ထယ်ဂျွန်းနဲ့စကားလက်ဆုံကျကြပြီး ဖုန်းနံပါတ်တွေအပြန်အလှန်ဖလှယ်ဖြစ်ကြတယ်။ ဂျီအွန်းတို့နဲ့လည်းမတွေ့တာကြာတော့ စကားတွေထိုင်ပြောကြရင်း ညနက်သွားတယ်။
အပြန်ကျ ထယ်ဂျွန်းက လိုက်ပို့ပါရစေဆိုလို့ အတင်းငြင်းရင်လည်းမကောင်းလို့ လက်ခံလိုက်တယ်။

ည၁၁ရှိပြီ။
ဆိုယွန်းပြန်မလာသေးတာကြောင့် ဘာဒါစိတ်ပူနေတယ်။ ခါတိုင်းအပြန်နောက်ကျတဲ့ကလေးမဟုတ်တာမို့ တိုက်ခန်းရှေ့လမ်းဆင်းလျှောက်ပြီး စောင့်နေမိတယ်။ ၁၂ထိုးခါနီးလောက် လမ်းထဲကို ကားတစ်စီးဝင်လာတယ်။ ပြီးတော့ တိုက်ခန်းရှေ့ရပ်ပြီး ကားမောင်းတဲ့လူက တံခါးအပြေးလာဖွင့်ပေးတယ်။ ဆင်းလာတာက ဆိုယွန်းဖြစ်နေတယ်။ ဘာဒါအံ့သြသွားတယ်။ ဆိုယွန်းတို့က ဘာဒါကိုမမြင်ကြဘူး။ ယောင်္ကျားတစ်ယောက်နဲ့ပြန်လာတယ်ပေါ့။ အနားသွားရနိုး မသွားရနိုးဖြစ်နေတုန်း ဆိုယွန်းက သူ့ကိုလှမ်းမြင်သွားတော့ အနားကိုလျှောက်သွားလိုက်တယ်။
အဲ့လူက ''ဘယ်သူလဲဆိုယွန်း''
''အခန်းဖော်ပါ''
ဘာဒါဘက်ကိုလှည့်ပြီး
''ဟုတ်ကဲ့ ပထမဆုံးတွေ့ဆုံခြင်းပါ ဆိုယွန်းကျောင်းက စီနီယာပါ ဟန်ထယ်ဂျွန်းပါ''
''Lee Bada ပါ''
''ဆိုယွန်း အကိုပြန်မယ် ''
''ဟုတ်ကဲ့ ကောင်းကောင်းပြန်ပါ''

ဆိုယွန်းတို့နှစ်ယောက်ကို ဘာဒါက ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး ပါးစောင်ထဲလျှာထိုးထည့်ရင်း ကြည့်နေတယ်။
ဆိုယွန်းဘာမှမပြောပဲ အပေါ်တက်ခဲ့တယ်။
ဓာတ်လှေကားထဲလည်း ဘာဒါလည်းဘာမှမပြော ဆိုယွန်းလည်းဘာမှမပြောဘူး။ ဘာဒါဒေါသထွက်သွားမှန်း ဆိုယွန်းသိပေမယ့် သူပြောတဲ့ အမေ့သူငယ်ချင်းသမီးဆိုတာလောက်တော့မဆိုးဘူးမလား။
အခန်းထဲရောက်ကြတော့ ဆိုယွန်းရေချိုးခန်းထဲတန်းဝင်ပြီး ရေချိုးခေါင်းလျှော်လိုက်တယ်။ အပြင်ထွက်လာတော့ ဘာဒါက ဆိုယွန်းအလုပ်စားပွဲမှာ ထိုင်နေတယ်။ ဆိုယွန်းလန့်သွားတယ်။ ကိုယ့်အခန်းထဲမှာက ရင်ထဲက အပိုင်းအစတွေများတယ်မလား။ (သူတုံးလို့သာမမြင်တာ😒)

ချစ်မိသော ပင်လယ် Where stories live. Discover now