ရှောင်းယွမ်စကားကြောင့် ရှောင်လူကြီးမင်း ငိုနေတော့သည် ။ ငိုလည်းငို ပြောလည်းပြောဆိုသလို

"နင်ကမတရားဘူးရှောင်းယွမ်....ငါမှာယောကျာ်းတောင်မယူရသေးဘူးလေဟာ...နင်ပြောတော့ ငါယောကျာ်းရရင် မဂ်လာပွဲကို ပန်းကျဲပေးမယ်ဆို...အဟင့်...အရူးမ...ငါ့လိုလူပျိုနုနုထွတ်ထွတ်လေးက ကလေးမွေးစားလိုက်ရင် ငါလင်ယူလို့မရတော့ဘူးပေါ့ဟ "

ရှောင်းယွမ် မျက်ရည်များကျကာ

"ငါတောင်းပန်ပါတယ်....ရှောင်ရယ်.....ငါ့ကိုကတိပေးပါနော်...သားလေးကို မွေးစားပါမယ်လို့"

"အဟင့် အရူးမကြီး အကျင့်မကောင်းတဲ့သူငယ်ချင်း....အင်း ငါမွေးစားမှာပေါ့ဟ ငါတို့က ညီအမတွေပဲဟာ...ရှောင်းကျန့်လေးက နင့်သားပဲလေ နင့်သားက ငါ့သားပဲလေ "

"ကျေးဇူးတင်ပါတယ်....ရှောင်..."

အချိန်အတော်ကြာတော့ ရှောင်လူကြီးမင်း ရှောင်းကျန့်လေးနဲ့အတူ ရှောင်းယွမ်သောက်ဖို့အတွက် နွားနို့‌သွားဝယ်ကြကာ ပြန်လာကြတော့ ဆရာဝန်တွေ ယုတ်ယုတ်သဲသဲမို့ ကြည့်လိုက်တော့ ရှောင်းယွမ်ပင် ။ အသ-က်ကိုလုရှူနေရကာ အောက်စီဂျင်တွေ ကျနေပြီဖြစ်တဲ့ရှောင်းယွမ်။ ရှောင်းကျန့်လေးက သူ့အမေဆီကိုသွားမယ်လုပ်တော့ အတင်းဆွဲဖက်ထားကာ ငိုနေသော ရှောင်လူကြီးမင်း

"ဦးဦး သားကိုလွှတ်ဦး...ဟိုမှာ မားမားဘာဖိနေယဲတိဝူး...ဦးဦး"

"............"

ရှောင်းကျန့်ကို မလွှတ်ပဲ ဖက်ထားကာ ငိုနေရင်း ဆရာဝန်တွေရဲ့အသဲအသန်အခြေအနေမှ ငြိမ်သွားသည်။ ရှောင်လူကြီးမင်းကြည့်လိုက်တော့ အသ-က်မဲ့နေပြီဖြစ်တဲ့ရှောင်းယွမ်။ ရှောင်လူကြီးမင်း ရှောင်းကျန့်လေးကို လွှတ်ပေးလိုက်သည် ။ ရှောင်းကျန့်လေးက သူ့အမေဆီပြေးကာ လှုပ်နှိုးနေသည်

"မားမား...မားမား....ထဦး...မားမား နွားနို့ပါရာရယ်...ထပါဦး...မားမား..."

ကလေးဆိုပေမယ့် မသိစိတ်က သိနေသည့်အလား ခေါ်တာမရ၍ ငိုမဲ့မဲ့ဖြစ်လာသည်။

"မားမား...အဟင့်...ထပါဦး...သားနဲ့နို့တောက်မယ်ယေ...မားမား...အဟင့်...ဦးဦး မားမားက ခေါ်ယို့ရတော့ဝူး...ဘာဖိရာယဲဟင်...အီးဟီး...အဟင့်"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now