"...."

ရှောင်ကျန့်က သူ့ကိုအဖတ်မလုပ်ဘဲနဲ့ ယွီမြို့အုပ်နဲ့အတူပြေးသည်
မြို့အုပ်၀မ်လည်းနောက်ကနေ ဖြည်းဖြည်းပဲလိုက်လာခဲ့တယ်
ဒီလောက်ခြံအကျယ်ကြီးကို သူဘယ်လိုပြေးနိုင်မှာပါလိမ့် မနက်တိုင်းလေ့ကျင့်မူ့မရှိတဲ့ဟာလေးက....။

"ဟော...ဟဲ...မောလိုက်တာ..."

စထွက်ပြီး ၃မိနစ်သာကြာပါသေးတယ် သူကမောနေလေပြီ ။

"မောနေပြီလား...မင်းကတော်လေး..."

"မောပါဘူး...ဆက်ပြေးမယ်...မိအောင်လိုက်‌လေ"

ယွီမြို့အုပ်လည်း ဆက်မပြေးတော့ဘဲနဲ့ရပ်ကြည့်နေလိုက်သေးတယ်
ပြေးသွားတာများယုန်လေးတစ်ကောင်ပြေးသွားတာနဲ့တောင်တူသေးတယ် ။

"ချစ်စရာလေးနော်...၀မ်ရိပေါ်....."

"...."

"မင်းဒီလိုဟာလေးကိုဘယ်နားမှာသွားရှာထားတာလဲ"

"ဘာလုပ်မလို့လဲ"

"ငါလည်းလိုချင်လို့လေ...."

မြို့အုပ်၀မ်ကဘာတစ်ခွန်းကမဆိုဘဲနဲ့ ယွီမြို့အုပ်အား ‌မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်သွားပါသေးတယ် ယွီမြို့အုပ်ကအနောက်ကနေ လိုက်ကာ မြို့အုပ်၀မ်ကိုလိုက်မေးတယ်။

"ဟမ်...ဟမ်...ပြောပြစမ်းပါကွာ...."

"အ့!"

ယွီမြို့အုပ်ကမြို့အုပ်၀မ်ကိုကြည့်ပြီးစကားပြောနေရင်းနဲ့ပဲ မြို့အုပ်၀မ်ကသူ့နားကနေ အလျင်နဲ့ပြေးထွက်သွားလေတယ်
ဘာဖြစ်လို့လဲ သူပြောတာကိုအာရုံထဲမှာထားမယ်မထင်ပါဘူး အရှေ့ကိုကြည့်မိလိုက်တော့မှ သဘောပေါက်သွားလေတယ်။

"တွေ့တယ်မှတ်လား...အခုတော့လဲပြီ..."

"ကျန့်ကျန့် ဘာမှမဖြစ်ပါဘူး"

"ထကြည့်လေ...."

"ဟို...ညောင်းလို့ ထိုင်ဦးမယ်"

"ဒီနားမှာမုန့်ဆိုင်တွေ့ခဲ့သေးတယ်...."

"တကယ်လား လိုက်မယ်! ၀ယ်ကျွေး! အ့!"

မုန့်ဆိုတာနဲ့ချက်ချင်းမျက်နှာလေးကတစ်ချက်ပြောင်းကာ ပြုံးပျော်ပြီးမတ်တပ်ကောက်ရပ်လိုက်တော့ နာပြီးပြန်လဲကျ‌သွားလေတယ်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Waar verhalen tot leven komen. Ontdek het nu